လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁-၁-၂၀၂၀) ရက်နေ့တွင် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ IDP စခန်း (၆) ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၉၉)စု၊ လူဦးရေ (၁,၉၇၄)ဦး တို့အတွက် (ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ) (၁၄) ရက်စာ ဆန် (၂၈၈) အိတ်၊ ဆီ (၃၉၉) ပုံး၊ ဆား ပိဿာ (၂၀၀) ၊ နှင့်ကုလားပဲ(၁၄) အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#shn_jan2020
Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)