Author Archives: Department of Disaster Management
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၂၀)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လွှစာကျေးရွာ အုပ်စု၊ ဒေါင့်ကြီးကုန်းကျေးရွာ၌ ကျေးရွာနေပြည်သူ(၁၀၀)ဦး၊ ကျောင်းသူ/ကျောင်းသား (၇၀)ဦး စုစု ပေါင်း(၁၇၀)ဦးတို့ဖြင့်လည်းကောင်း၊ နေ့လည်(၁၃:၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ သပြေ ချောင်းကျေးရွာအုပ်စု၊ ဒရယ်ဖြူကြီးကျေးရွာတွင် ကျေးရွာနေပြည်သူ(၁၀၀)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၀၀)ဦး စုစုပေါင်း(၂၀၀)ဦးတို့ဖြင့်လည်းကောင်း သဘာဝဘေးလျော့ပါးရေး အသိပညာ ပေးခြင်း၊ဘေး(၈)မျိုးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ကျောင်းအုပ်ဆရာ၊ ဆရာကြီးတို့အား မီးဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်အသိပညာပေးဗွီနိုင်းများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: … Read more
-
ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်ကြည့်ရှု
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် ငှက်အော်စမ်းသူငယ်သင်တန်းကျောင်းသို့ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သွားရောက်ကြည့်ရှု၍ သင်တန်းကျောင်းရှိ ကလေးသူငယ်များနှင့် လူငယ်များအား အားပေးစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းရှိ သင်တန်းသားများနှင့်တွေ့ဆုံရာ၌ မိမိတို့နိုင်ငံသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းနေဆဲကာလဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဦးတစ်ယောက်ချင်းက ဆောင်ရွက်ပေးကြရန်တာဝန်ရှိပါကြောင်း၊ မိမိကိုယ်ကို အကျိုးရှိအောင်၊ ကောင်းမွန်အောင် ကြိုးပမ်းခြင်းဖြင့် မိသားစု၊ ပတ်ဝန်းကျင်နှင့် နိုင်ငံအတွက်ပါ အကျိုးပြုလာနိုင်မည်ဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ပေးနိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပေါ်ပေါက်ပြီးဖြစ်ကြောင်း၊ တစ်ဦးချင်းက … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၂-၂၀၂၀) နေ့တွင် ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု အ.ထ.က.ခွဲ ပေါင်း၌ ကျောင်းသား/ကျောင်းသူနှင့် ဆရာမအင်အား (၃၀၀) ဦးအား သဘာဝဘေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှ ပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး ဘောပင်များ လက်ဆောင်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှုးရုံး (ဘစမ) #ar #tny_feb2020
-
မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အော်ပရေတာများတွင် သတ်မှတ်ကာလအတွင်း မှတ်ပုံတင်ခြင်းမရှိသောကြောင့် ပိတ်သိမ်းလိုက်ရသည့် ဖုန်း SIM Card အရေအတွက် ၆.၅၅သန်းကျော်တွင် ကျန်ရှိသည့်လက်ကျန်ငွေ ကျပ်(၁.၅၇၃၁)ဘီလီယံကို သုံးစွဲသူအများပြည်သူများကိုယ်စား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့ ယမန်နေ့မွန်းလွဲပိုင်းက လာရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်က ဤလှူဒါန်းငွေများသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဖုန်းသုံးစွဲသည့် လူမျိုး၊ဘာသာပေါင်းစုံမှ ထည့်သွင်းထားသော ကြိုတင်ငွေများ၏ လက်ကျန်ငွေများဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း မှတ်ပုံတင်ခြင်းမရှိသောကြောင့် ပိတ်သိမ်းလိုက် ရသည့် ဖုန်း SIM Card အရေအတွက် … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးမှုအခက်အခဲ ကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကျူချောင်းရွာသစ်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၇၁) လုံး၊ အိမ်ထောင်စု (၇၁) စု၊ လူဦးရေ (၄၄၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၃ – ၂-၂၀၂၀) ရက်နေ့ ( ၉ : ၃၀ ) နာရီအချိန်တွင် ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ Source: … Read more
-
school cum shelter တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၂၀) ရက်နေ့၌ လွှတ်တော်ကိုယ်စားလှယ်ရုံးမှတာဝန်ရှိသူများ၊ မြို့နယ်ဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ နှင့်အတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့်တည် ဆောက်ပြီးစီးလျက်ရှိသော လပွတ္တာမြို့နယ်၊ ဒေါင့်ကြီးကုန်းကျေးရွာ၊ ဒရယ်ဖြူကြီးကျေးရွာတို့ကို ဦးဘန်သိန်းကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့် school cum shelter တည်ဆောက်မှု ၁၀၀% တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှုးရုံး (ဘစမ) #otr #ayy_feb2020
-
မြေနေရာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဉီးစီးမှူး ဦးသောင်းရွှေသည် မွန်ပြည်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့်အတူလိုက်ပါ၍ (၂-၂-၂၀၂၀)ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ကလော့အပြိုင်ကျေးရွာအုပ်စု၊ ကလော့ကျေးရွာမှ မြေပြိုဘေးကြောင့် ထိခိုက်ခံစားခဲ့ရသော နေအိမ်များကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးမည့်မြေနေရာအား သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_Feb2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ (၃၁.၁.၂၀၂၀)နေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေး စာရေးဝန်ထမ်း စုစုပေါင်း(၆၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_Feb2020 Source: တမူးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မိုးကြိုးဘေးအန္တရာယ်အသိပညာပေး ဗီနိုင်းစိုက်ထူခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၁.၂၀၂၀)နေ့တွင် တမူးမြို့၊ အာရှလမ်းဆုံမီးပွိုင်နှင့် မြို့မဈေးကြား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် မိုးကြိုးဘေးအန္တရာယ်အသိပညာပေး ဗီနိုင်းပိုစတာ စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_Feb2020 Source: တမူးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မဘိမ်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၁-၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် မဘိမ်းမြို့နယ်၊ ခိုတာကျေးရွာအုပ်စု၊ ဝိုင်းလုံကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူလူထုများအား ဝန်ကြီးဌာန၏ မူဝါဒများ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုနှုန်းထားများ၊ ၎င်းဒေသတွင်ဖြစ်နိုင်ခြေရှိသော ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဆောင်ရန်၊ရှောင်ရန်များနှင့် စပ်လျဉ်း၍အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ တက်ရောက်သူဦးရေ(၁၀၀)ဦးခန့်အား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_Feb2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
