3_Pic_01

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အော်ပရေတာများတွင်

သတ်မှတ်ကာလအတွင်း မှတ်ပုံတင်ခြင်းမရှိသောကြောင့် ပိတ်သိမ်းလိုက်ရသည့် ဖုန်း SIM Card

အရေအတွက် ၆.၅၅သန်းကျော်တွင် ကျန်ရှိသည့်လက်ကျန်ငွေ ကျပ်(၁.၅၇၃၁)ဘီလီယံကို

သုံးစွဲသူအများပြည်သူများကိုယ်စား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ

စီမံခန့်ခွဲမှုရန်ပုံငွေသို့ ယမန်နေ့မွန်းလွဲပိုင်းက လာရောက်လှူဒါန်းခဲ့ပါသည်။

လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်က ဤလှူဒါန်းငွေများသည်

မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဖုန်းသုံးစွဲသည့် လူမျိုး၊ဘာသာပေါင်းစုံမှ ထည့်သွင်းထားသော

ကြိုတင်ငွေများ၏ လက်ကျန်ငွေများဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း

မှတ်ပုံတင်ခြင်းမရှိသောကြောင့် ပိတ်သိမ်းလိုက် ရသည့် ဖုန်း SIM Card အရေအတွက်

၆.၅၅သန်းကျော်တွင် ကျန်ရှိသည့် ပြည်သူများ၏ငွေများဖြစ်ကြောင်း၊ ထို့ကြောင့်

ပြည်သူများအကျိုးရှိမည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း၊

သဘာဝဘေးအန္တရာယ်ဆိုင်ရာ အလျင်အမြန်တုန့်ပြန် ဆောင်ရွက်ရေးလုပ်ငန်းနှင့်

ပြန်လည်ထူထောင်ရေး လုပ်ငန်းတွင် ပြည်သူများအတွက် အကျိုးရှိစွာပြန်လည်အသုံးပြုနိုင်ရန်

လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လှူဒါန်းငွေများကို

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေထဲသို့ တိုက်ရိုက်ထည့်သွင်း

မည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အလျင်အမြန်တုန့်ပြန်ဆောင်ရွက်ရေး လုပ်ငန်းများနှင့် ရေတို၊ ရေလတ်၊ ရေရှည်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် လုပ်ထုံးလုပ်နည်းများ နှင့်အညီစိစစ်ကာ ပြည်သူများအကျိုးအတွက် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယခုလှူဒါန်းမှု သည်လည်း ပြည်သူမှပြည်သူသို့ လှူဒါန်းခြင်းဖြစ်ကြောင်းဖြင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ပါသည်။

ယင်းနောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လှူဒါန်းငွေကျပ် (၁.၅၇၃၁)ဘီလီယံကိုပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး

ဒေါက်တာဝင်းမြတ်အေးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း

သတင်းရရှိပါသည်။

#hl_1

#npw_Feb2020

Source:                        MSWRR

ဖေဖော်ဝါရီ ၁၊ နေပြည်တော်

Sign Up

Upcoming Events