Author Archives: Department of Disaster Management
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၂၀) ရက်နေ့တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စပ်ထုံးကျေးရွာအုပ်စု၊ ဖတ်တန်း ကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွေ့ပြောင်းနေအိမ်(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁၀၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ (၇)ဦး တို့အတွက် ဆန်ရိက္ခာရန်ပုံ ငွေ (၁၄,၇၀၀ိ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ( ၁၁၄,၇၀၀ိ/-) ကျပ်အား (၁၈-၁၂-၂၀၂၀)ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ တောင်မကျေးရွာအုပ်စု၊ တောင်မကျေးရွာ၊ တောင်မဲကျေးရွာ၊ တပ်မင်းသားကျေးရွာနှင့် ပန်စရန်းကျေးရွာတို့တွင် Covid-19 ဒုတိယ လှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေး ခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်း၊ နှာခေါင်းစည်း (Masks) နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းလုပ်ငန်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၂၀) ရက်နေ့တွင် ယင်းမာပင်မြို့နယ်၊ (က)ရပ်ကွက်၊ (ခ)ရပ်ကွက်၊ (ဂ)ရပ်ကွက်၊ (ဃ)ရပ်ကွက်၊ (ဂ)တိုးချဲ့ရပ်ကွက်၊ မြို့သစ်ကျေးရွာ၊ နှောရိုးကျေးရွာ၊ ကောင်းဆင့်ကျေးရွာနှင့် တယ်ပင်ကန် ကျေးရွာများတွင် COID-19ရောဂါနှင့် ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်းများ၊ သဘာ၀ဘေးနှင့်ပတ်သက်၍ မီးဘေး၊ ငလျင်ဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020
-
ကမ်းပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၂၀)ရက်နေ့၌ နောက်မီးအုပ်စု၊ နောက်မီးမြစ်ထိပ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၄)စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၄၀၀ဝဝ၀/-)ကျပ် ၊ လူဦးရေ (၁၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၁၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၃၁၅၀၀/-)ကျပ်တို့ကို (၁၈-၁၂-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် အတူဘေးဖြစ်ပွားရာဒေသသို့သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_dec2020
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူခရိုင် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၈-၁၂-၂၀၂၀)ရက်နေ့ (၀၈:၀၀) အချိန်မှ (၁၂:၃၀)အချိန်ထိ ကန့်ဘလူမြို့ပေါ်ရှိ ရပ်ကွက်(၅)ခုမှ မိဘပြည်သူများအား COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရေး ဆောင်ရန်/ရှောင်ရန်များကို သိရှိလိုက်နာဆောင်ရွက်ပြီး ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အသိပညာပေးနှိုးဆော်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020
-
မီးဘေးအသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ မီးသတ်အဖွဲ့ အစည်းနှင့် ပူးပေါင်း၍ ကျိုက်လတ်မြို့၊ အမှတ် (၂၀) လမ်းထိပ်တွင် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ အား မိဘပြည်သူများ အလွယ်တကူသိရှိနားလည်ဖတ်ရှုနိုင်ရန် မီးဘေးအသိပညာပေး မြေစိုက်ဗီနိုင်းပိုစတာအသစ် စိုက်ထူ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_dec2020
-
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၂၀) ရက်နေ့၌ နတ်မောက်မြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် PPEဝတ်စုံ(၁၀၀)စုံ Surgical Mask(၅၀၀၀)ခု၊ (500ml) လက်သန့်ဆေး (၁၅၀)ဗူးနှင့် လက်အိတ်(၁၀၀၀)စုံ တို့အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ ရှေ့မှောက်၌ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_dec2020
-
COVID-19ကူးစက်ရောဂါအသိပညာပေးခြင်းနှင့် မီးဘေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၇-၁၂-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီမှစ၍ ခန္တီးမြို့နယ်၊ မြို့မရပ်ကွက်နှင့် ဇီးဖြူကုန်းရပ်ကွက်တို့တွင် COVID-19 ကူးစက်ရောဂါအသိပညာပေးနှင့် မီးဘေးအသိပညာပေးခြင်းအား အသံချဲ့စက်ဖြင့်လှည့်လည် အသိပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းအားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #sgg_dec2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇ -၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၁:၀၀) အချိန်မှ (၁၅:၀၀)အချိန်အထိ ဖောင်းပြင်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စု၊ ကုန်းအောက်တောင်းကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာ၊ ရွှေပုဂံကျေးရွာနှင့် ချောင်းခွကျေးရွာအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇ -၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်မှ (၁၅:၀၀)အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား ဇေယျာသီရိမြို့နယ်၊ ကျောက်ချပ်ကျေးရွာအုပ်စု၊ ကျောက်ချပ်ကျေးရွာ၊ အိုင်စောက်ကျေးရွာ၊ သာယာအေးကျေးရွာ၊ ထိန်ပင်ကျေးရွာ၊အလယ်ကျေးရွာ၊ ရှမ်းကျေးရွာအတွင်းရှိ ပြည်သူများအား အသိပညာပေးခြင်း၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့်ဆေးရည်ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_dec2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
