
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၂၀) ရက်နေ့တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စပ်ထုံးကျေးရွာအုပ်စု၊ ဖတ်တန်း ကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွေ့ပြောင်းနေအိမ်(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁၀၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ (၇)ဦး တို့အတွက် ဆန်ရိက္ခာရန်ပုံ ငွေ (၁၄,၇၀၀ိ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ( ၁၁၄,၇၀၀ိ/-) ကျပ်အား (၁၈-၁၂-၂၀၂၀)ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#ayy_dec2020