Author Archives: Department of Disaster Management

  • ဒဏ်ရာရပြည်သူများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)မှ (၂.၂.၂၀၂၀)ရက်တွင် ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာမှ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ရောက်ရှိလာသည့် ဒဏ်ရာရရှိသူ(၃)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ(၁၅၀၀၀ဝိ/-)အား (၃.၂.၂၀၂၀)ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။   #otr #rke_feb2020 Source:                        စစ်တွေခရို်ငဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံမြို့နယ်ဦးစီးမှူးရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၃-၂-၂၀၂၀)ရက်နေ့တွင် လောင်းလုံမြို့နယ်၊ အ.ထ.က (ခွဲ) စစ်ပြဲစာသင် ကျောင်း၌ နေ့လည်(၁၃:၀၀)နာရီမှ (၁၅:၀၀)နာရီအထိ ဌာန၏လုပ်ငန်းတာဝန်များ၊ သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ ဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/ သူဦးရေ (၃၀၀)ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ကျောင်းစာကြည့်တိုက်အတွက် လက်ကမ်းစာစောင်များပေးအပ်ခဲ့ပါကြောင် သတင်းရရှိပါသည်။ Source: လောင်းလုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_feb2020

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၂.၂၀၂၀)ရက်နေ့၊ (၁၃:၃၀)ချိန်မှ (၁၅:၃၀)အချိန်အထိ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်း၊ မူလွန်စာသင်ကျောင်းတွင် ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ကျောင်းသား/သူ (၂၀၀)ဦးအား သရုပ်ပြ‌ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_feb2020 Source:                        နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းအား သင်တန်းသား၊ သင်တန်းသူ (၃၀) ဦးဖြင့် လင်းခေးခရိုင်ဦးစီးမှူးရုံး၌ ဖွင့်လှစ်ခဲ့ရာ လင်းခေးမြို့နယ်အုပ်ချုပ်ရေးမှူးမှ သင်တန်းဖွင့်အမှာ စကားပြောကြားခဲ့ပြီး လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက သင်တန်းဖွင့်လှစ် ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကာ တက်ရောက်လာသူများအား သင်ထောက်ကူ ပစ္စည်းများပေးအပ်ခဲ့ပါသည်။ အဆိုပါသင်တန်းအား (၃-၂-၂၀၂၀) ရက်နေ့မှ (၅-၂-၂၀၂၀) ရက်နေ့ထိ (၃) ရက်တာဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_feb2020 Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၂-၂၀၂၀)ရက်နေ့တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီအချိန်အထိ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ အ-ထ-က(ဇီးကုန်းမြို့)ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၅၀၀) ဦးတို့အား ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_feb2020

  • မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီနိုင်းပိုစတာစိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၂-၂၀၂၀) ရက်နေ့တွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးရှေ့)၌ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူခဲ့ပါကြောင်းသိရှိရပါသည်။ #ayy_feb2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ (ဘစမ)

  • မီးဘေးသင့်ပြည်သူအတွက် သွားရောက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၂-၂၀၂၀)ရက်နေ့၌ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၅)အပိုင်းတွင် ဖြစ် ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ပျက်စီးနေအိမ် (၁)လုံးအတွက်ကယ်ဆယ်ရေး ပစ္စည်း(၁၅)မျိုး၊ (၁)အိမ်ထောင်စာ၊ စက္ကူပုံး(၁)ပုံးနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-) ကျပ်၊ လူဦးရေ (၁)ဦးအတွက် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၂,၁၀ဝ/-)ကျပ်အား လည်း ကောင်း၊ စုစုပေါင်းထောက်ပံ့ဖိုးငွေ (၂၀၂,၁၀ဝ/-)ကျပ်အား (၃-၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀) အချိန်တွင် သိမ်ဇရပ်မြို့အ‌ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်သဘာဝ ဘေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများအား … Read more

  • တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့နယ် ငဖရုံကျေးရွာ၊ ဝါးနက်ရုံကျေးရွာ၊ ဒုံးသိမ်ကျေးရွာ၊ ရွှေသီး ကျေးရွာ၊ ခွဆုံ (ရခိုင်) ကျေးရွာ၊ ဝရကျွန်း(ဘင်္ဂါလီ) ကျေးရွာ၊ ကျောက်စာတိုင်ကျေးရွာ စုရပ်စခန်း (၇) ခု တွင် ရိက္ခာထပ်မံလိုအပ်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၇၅) စု၊ လူဦးရေ (၁,၃၂၁) ဦး အတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၄၁၂) အိတ်၊ (၁၉) … Read more

  • မိုင်းထိသေဆုံးသူအတွက် ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရသေ့တောင်မြို့နယ်၊ ငစံဘော်ကျေးရွာ၌ (၂-၂-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီတွင် ဖြစ်ပွားခဲ့သော မိုင်းထိသေဆုံး ပြည်သူ(၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား (၃-၂-၂၀၂၀)ရက်နေ့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သေဆုံးသူ၏မိသားစုထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_feb2020

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၂.၂၀၂၀)ရက်နေ့၊ (၀၉:၃၀)ချိန်မှ (၁၁:၀၀)အချိန်အထိ လယ်ဝေးမြို့နယ်၊ အ.ထ.က(၄)စာသင်ကျောင်းတွင် ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ကျောင်းသား/သူ (၃၀၀)ဦးအား သရုပ်ပြ‌ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အမေးအဖြေကဏ္ဍများ အပြန်အလှန်ပြုလုပ်ပြီးနောက် တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #npw_Feb2020 Source:                        နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events