မီးဘေးသင့်ပြည်သူအတွက် သွားရောက်ထောက်ပံ့မှုသတင်း

3_pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၂-၂၀၂၀)ရက်နေ့၌ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၅)အပိုင်းတွင် ဖြစ် ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ပျက်စီးနေအိမ် (၁)လုံးအတွက်ကယ်ဆယ်ရေး ပစ္စည်း(၁၅)မျိုး၊ (၁)အိမ်ထောင်စာ၊ စက္ကူပုံး(၁)ပုံးနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-) ကျပ်၊ လူဦးရေ (၁)ဦးအတွက် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၂,၁၀ဝ/-)ကျပ်အား လည်း ကောင်း၊ စုစုပေါင်းထောက်ပံ့ဖိုးငွေ (၂၀၂,၁၀ဝ/-)ကျပ်အား (၃-၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀) အချိန်တွင် သိမ်ဇရပ်မြို့အ‌ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်သဘာဝ ဘေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fir
#mon_feb2020

Sign Up

Upcoming Events