လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းအား သင်တန်းသား၊ သင်တန်းသူ (၃၀) ဦးဖြင့် လင်းခေးခရိုင်ဦးစီးမှူးရုံး၌ ဖွင့်လှစ်ခဲ့ရာ လင်းခေးမြို့နယ်အုပ်ချုပ်ရေးမှူးမှ သင်တန်းဖွင့်အမှာ စကားပြောကြားခဲ့ပြီး လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက သင်တန်းဖွင့်လှစ် ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကာ တက်ရောက်လာသူများအား သင်ထောက်ကူ ပစ္စည်းများပေးအပ်ခဲ့ပါသည်။ အဆိုပါသင်တန်းအား (၃-၂-၂၀၂၀) ရက်နေ့မှ (၅-၂-၂၀၂၀) ရက်နေ့ထိ (၃) ရက်တာဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_feb2020
Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)