Author Archives: Department of Disaster Management
-
မီးဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆ်ုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၂၀) ရက်နေ့ နံနက် ( ၀၉:၀၀) နာရီချိန်တွင် မိုင်းတုံမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း၌ ကျောင်းသား၊ကျောင်းသူ (၂၀၀)ဦးအား မီးဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆွေးနွေးပြောကြားပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_feb2020 Source: မိုင်းဆတ်ခရိုင်ဦးစီးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၆-၂-၂၀၂၀)ရက်နေ့ (၁၂:၀၀)နာရီအချိန်မှ (၁၄:၀၀)နာရီအချိန်အထိ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ သက္ကယ်သောင်ကျေးရွာအုပ်စု၊ သက္ကယ်သောင်ကျေးရွာတွင် ကျေးရွာနေပြည်သူ (၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များအား ဆွေးနွေးဟောပြောပွဲပြုလုပ်ခြင်း၊ ဗွီနိုင်းပိုစတာပေးအပ်ခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb 2020 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီ အချိန်ထိ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ယမ်ခေကျေးရွာ ဘုန်းကြီးကျောင်းတွင် သဘာဝဘေးအသိပညာ ပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူလူထု စုစုပေါင်း (၈၀)ဦးခန့်တက်ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈) မျိုးအကြောင်း ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀)ရက်နေ့တွင် သာပေါင်းမြို့နယ်၊ အုပ်ရှစ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား/သူ(၂၀၀)ဦးခန့်အား သာပေါင်းမြို့နယ်ကြက်ခြေနီ အသင်းခွဲနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ” ကြက်ခြေနီလှုပ်ရှားမှုနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း သိကောင်းစရာ ဟောပြောပွဲ” တွင် သဘာဝဘေးနှင့်ပတ်သတ်ပြီးအသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb 2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးနှင့်ဥတ္တရခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည်(၆-၂-၂၀၂၀) ရက်နေ့၊ (၉:၃၀)ချိန်မှ (၁၁:၀၀)အချိန်အထိ အ.လ.က (ရွာတော်) စာသင်ကျောင်းတွင် ကျောင်းသား/ သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ သူ(၁၈၀)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်း စာစောင်များ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_feb2020
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (6-2-2020)ရက်နေ့ နံနက်(၁၀:၀၀)မှ(၁၁:၃၀)နာရီထိ မိုင်းဖြတ်မြို့နယ်၊ ဆိုင်ဆက်ကျေးရွာတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ငလျင်ဘေးနှင့်အခြားသဘာဝဘေးဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ၊ ထောက်ပံ့နှုန်းထားများ စသည့်အသိပညာများအား တတ်ရောက်လာသူ ကျေးရွာသူ၊ကျေးရွာသား (၅၀)ဦးတို့အား ဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_feb2020 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မိုင်းထိပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၂၀) ရက်နေ့၌ ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာအုပ်စု၊ မန်ခေါက်ကျေးရွာတွင် မိုင်းနင်းမိ၍ ဒါဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝ) ကျပ်အား (၅-၂-၂၀၂၀) ရက်နေ့(၁၆:၀၀)နာရီအချိန်၌ ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါ ကြောင်း သိရှိရပါသည်။ #ha_otr #shn_feb2020 Source: ကျောက်မဲခရိုင်ဦးစီမှူးရုံးမှ (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၆-၂-၂၀၂၀)ရက်နေ့တွင် အ.လ.က ရွှေလင်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၀၀)ဦးကို ဌာနနှင့်ပတ်သတ်သောသိကောင်းစရာများ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_feb 2020 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအတွက် အကြိုညှိနှိိုင်းအစည်းအဝေးပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀) ရက်နေ့၊ (၁၄:ဝဝ) နာရီအချိန်တွင် မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့ များနှင့်ပူးပေါင်း၍ ရေဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #simex #mon_feb2020
-
ငလျင်ဘေးအန္တရယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေနေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာခရိုင်အဆင့်၊ မြို့နယ်အဆင့် သဘာဝဘေး အန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင်များဖြစ်ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင်များ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ရွာတော် အ.ထ.က (၃) စာသင်ကျောင်းတွင် (၅-၂-၂၀၂၀) ရက်နေ့ (၀၉:၃ဝ) အချိန်မှ (၁၁:၃၀) အချိန်ထိကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူဦးရေ (၆၉၀) ခန့်တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။ #simex_eqk … Read more
