လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၆-၂-၂၀၂၀)ရက်နေ့ (၁၂:၀၀)နာရီအချိန်မှ (၁၄:၀၀)နာရီအချိန်အထိ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ သက္ကယ်သောင်ကျေးရွာအုပ်စု၊ သက္ကယ်သောင်ကျေးရွာတွင် ကျေးရွာနေပြည်သူ (၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များအား ဆွေးနွေးဟောပြောပွဲပြုလုပ်ခြင်း၊ ဗွီနိုင်းပိုစတာပေးအပ်ခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_feb 2020
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)