ငလျင်ဘေးအန္တရယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

6_Pic_01 6_Pic_02 6_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေနေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာခရိုင်အဆင့်၊ မြို့နယ်အဆင့် သဘာဝဘေး အန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲမှု‌ ကော်မတီဝင်များဖြစ်ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင်များ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ရွာတော် အ.ထ.က (၃) စာသင်ကျောင်းတွင် (၅-၂-၂၀၂၀) ရက်နေ့ (၀၉:၃ဝ) အချိန်မှ (၁၁:၃၀) အချိန်ထိကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူဦးရေ (၆၉၀) ခန့်တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။

#simex_eqk
#npw_feb2020
Source: ပြည်ထောင်စုနယ်မြေနေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events