လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (6-2-2020)ရက်နေ့ နံနက်(၁၀:၀၀)မှ(၁၁:၃၀)နာရီထိ မိုင်းဖြတ်မြို့နယ်၊ ဆိုင်ဆက်ကျေးရွာတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ငလျင်ဘေးနှင့်အခြားသဘာဝဘေးဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ၊ ထောက်ပံ့နှုန်းထားများ စသည့်အသိပညာများအား တတ်ရောက်လာသူ ကျေးရွာသူ၊ကျေးရွာသား (၅၀)ဦးတို့အား ဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_feb2020
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)