Author Archives: Department of Disaster Management

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀) ရက်နေ့ (၀၉:၀၀) နာရီအချိန်မှ (၁၀:၃၀) နာရီ အချိန်ထိ မိုင်းပျဉ်းမြို့နယ်၊ ဝမ်ဖြစ်ကျေးရွာအုပ်စု၊ နောင်ခိုက်ကျေးရွာဘုန်းကြီးကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူလူထု စုစုပေါင်း (၇၅)ဦးခန့်တက်ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈) မျိုး အကြောင်း ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၆-၂-၂၀၂၀)ရက်နေ့ (၁၉:၁၅)နာရီအချိန်တွင် သံဖြူဇရပ်မြို့၊ ကျောင်းပိုင်းရပ်ကွက်၊ သိင်္ဂီလမ်းရှိ စပါးသိုလှောင်ရုံ ဂိုဒေါင်အဟောင်း မီးလောင်မှုကြောင့် သေဆုံးခဲ့သူ (၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်အား (၇-၂-၂၀၂၀) ရက်နေ့(၁၃:၀၀)နာရီအချိန်၌ ကျန်ရစ်သူမိသားစု၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_feb 2020 Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • သဘာဝဘေးအန္တရယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေနေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) ချိန်မှ (၁၁:၃၀) အချိန်အထိ အ.ထ.က (ခွဲ)၊ ဗိုလ်မင်းရောင်စာသင်ကျောင်းတွင် ကျောင်းသား/ သူများအား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ သူ (၃၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။ #ar #npw_feb2020 … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီ မှ( ၁၁:၃၀) နာရီအချိန်ထိ ချောက်မြို့နယ်၊ အမှတ်(၃)အလယ်တန်းကျောင်းတွင် ကျောင်းသူ/ ကျောင်းသား (၂၈၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy _feb2020

  • ကျောက်စီမြောင်းပြုလုပ်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ မြို့သာရပ်ကွက်၊ နယ်မြေ(၅)အဖွဲ့စက်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသောကျေးရွာများ၏ လယ်ရေသွင်းမြောင်းသည် မိုးရာသီကာလတွင် မိုးသည်းထန်ရွာသွန်းပါက ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိပါသည်။ ထို့ကြောင့် ရပ်ကွက်သူရပ်ကွက်သားများ သွားလာနေထိုင်မှုခက်ခဲသဖြင့် မြောင်းနံရံ(၄၀၀)ပေ၊ အမြင့်(၄)ပေ ကျောက်စီကာရံပြုလုပ်ရန်အတွက် ထောက်ပံ့ငွေ(၂၃၄၂၄၀၀ိ/-)အား (၇-၂-၂၀၂၀)ရက်နေ့(၁၁း၀၀)အချိန်၌ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များနှင့်အတူ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌရုံးခန်း၌ မြို့သာရပ်ကွက်ခေတ္တအုပ်ချုပ်ရေးမှူးနှင့် လုလင်ငယ်နာရေးကူညီမှုအသင်းအဖွဲ့ဝင်များသို့ ထောက်ပံ့ပေးအပ်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။   #otr #sgg_feb2020 Source:           ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀) ရက် နေ့နံနက် (၁၀:၃၀) အချိန်တွင် သံတောင်မြို့၊ အမှတ် (၂) အခြေခံပညာမူလွန်ကျောင်း၌ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကိုကျောင်းသား/ သူ အင်အား (၁၂၀) ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဌာနနှင့်ပတ်သတ်သောသိကောင်းစရာများ မီးဘေး မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဗီနိုင်းပိုစတာများ ကိုလည်းပေးအပ်ခဲ့ပါ ကြောင်းသိရှိရပါသည်။ #ar #krn_feb2020 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီ မှ (၁၁:၃၀) နာရီအချိန်ထိ ချောက်မြို့နယ်၊ အမှတ်(၄)မူလတန်းလွန်ကျောင်းတွင် ကျောင်းသူ/ ကျောင်းသား (၂၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ငလျင်ဗီနိုင်း ပိုစတာ(၁)ခုနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy _feb2020

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၂-၂၀၂၀)ရက်နေ့၊(၁၀:၀၀)အချိန် တွင် မအူပင်မြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမ (၁၀)ဦးနှင့် ကျောင်း သား/ကျောင်းသူ (၃၀၀)‌ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်နှင့် အသိပညာ‌ပေးဗွီနိုင်းပိုစတာများ ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy _feb2020

  • ရေဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့် ကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀)ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ကြခတ်ကုန်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သဘောတရားများဟောပြောဆွေးနွေးခြင်းနှင့် ရေဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူလူထူပူးပေါင်း၍ အင်အား(၅၀၀)ဦးခန့်ဖြင့်ကျင်းပ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #simex #mon_feb 2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)  

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀)ရက်နေ့၊ ကျိုက်မရော မြို့နယ်၊ ရှင်စောပုရပ်ကွက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေး ပွဲနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ဆောင်ရန်/ရှောင်ရန် များအား နံနက်(၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီအထိ ပြည်သူလူထုအင်အား (၅၀)ဦးဖြင့် ဟောပြောဆွေးနွေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon _feb2020

Sign Up

Upcoming Events