လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀)ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ကြခတ်ကုန်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သဘောတရားများဟောပြောဆွေးနွေးခြင်းနှင့် ရေဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူလူထူပူးပေါင်း၍ အင်အား(၅၀၀)ဦးခန့်ဖြင့်ကျင်းပ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#simex
#mon_feb 2020
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)