သဘာဝဘေးအန္တရယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

7_pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၂၀) ရက် နေ့နံနက် (၁၀:၃၀) အချိန်တွင် သံတောင်မြို့၊ အမှတ် (၂) အခြေခံပညာမူလွန်ကျောင်း၌ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကိုကျောင်းသား/ သူ အင်အား (၁၂၀) ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဌာနနှင့်ပတ်သတ်သောသိကောင်းစရာများ မီးဘေး မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဗီနိုင်းပိုစတာများ ကိုလည်းပေးအပ်ခဲ့ပါ ကြောင်းသိရှိရပါသည်။

#ar
#krn_feb2020
Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events