ကျောက်စီမြောင်းပြုလုပ်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်း

 

7_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ မြို့သာရပ်ကွက်၊ နယ်မြေ(၅)အဖွဲ့စက်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသောကျေးရွာများ၏ လယ်ရေသွင်းမြောင်းသည် မိုးရာသီကာလတွင် မိုးသည်းထန်ရွာသွန်းပါက ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိပါသည်။ ထို့ကြောင့် ရပ်ကွက်သူရပ်ကွက်သားများ သွားလာနေထိုင်မှုခက်ခဲသဖြင့် မြောင်းနံရံ(၄၀၀)ပေ၊ အမြင့်(၄)ပေ ကျောက်စီကာရံပြုလုပ်ရန်အတွက် ထောက်ပံ့ငွေ(၂၃၄၂၄၀၀ိ/-)အား (၇-၂-၂၀၂၀)ရက်နေ့(၁၁း၀၀)အချိန်၌ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များနှင့်အတူ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌရုံးခန်း၌ မြို့သာရပ်ကွက်ခေတ္တအုပ်ချုပ်ရေးမှူးနှင့် လုလင်ငယ်နာရေးကူညီမှုအသင်းအဖွဲ့ဝင်များသို့ ထောက်ပံ့ပေးအပ်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

 

#otr

#sgg_feb2020

Source:           ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events