Author Archives: Department of Disaster Management
-
နေ့စဉ်တိုင်းတာရရှိသည့် လေအရည်အသွေး (PM2.5) အခြေအနေများ
(၁၀-၂-၂၀၂၀) ရက်နေ့မှ (၁၆-၂-၂၀၂၀) ရက်နေ့အထိ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၊ ရန်ကုန်(ကမ္ဘာအေး)စခန်းက နေ့စဉ်တိုင်းတာရရှိသည့် လေအရည်အသွေး (PM2.5) အခြေအနေများကို ဖော်ပြထားပါသည်။
-
တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း (၁/၂၀၂၀) ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါတွင် မိမိတို့ ပါဝင်ဆောင်ရွက်ရမည့် ကဏ္ဍအလိုက် အချိတ်အဆက်မိမိ ပူးပေါင်ဆောင်ရွက်နိုင်ရန်၊ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများတွင် ရာသီဥတုပြောင်းလဲမှုနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးလုပ်ငန်းများကို ထည့်သွင်းဆောင်ရွက် နိုင်ရန် ပြည်သူလူထုအတွင်း သဘာဝဘေးအန္တရာယ် အသိပညာဗဟုသုတများ၊ သဘာဝဘေး အန္တရာယ်မကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို ဆင့်ပွားအသိပညာပေးနိုင်စေရန် ရည်ရွယ်ပြီး တိုင်းဒေသကြီးအဆင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအား မကွေးမြို့နယ်မှဌာနဆိုင်ရာ (၁၅)ဦး၊ သင်တန်း သား/သူ (၅၀)ဦးဖြင့် မကွေးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး သင်တန်းဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား (၁၇-၂-၂၀၂၀) ရက်နေ့မှ (၂၁-၂-၂၀၂၀) ရက်နေ့ထိ (၅) ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_feb2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
အလူဇင့်သွပ် (၁၀၀၀) ချပ်ကို သွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၆-၂-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာ၀န်ကြီး ဦးစောလုကာဦးဆောင်သော အဖွဲ့နှင့်အတူ အမြားကျေးရွာအုပ်စု၊ ကျေးရွာ (၇) ရွာရှိ အိမ်ထောင်စု များအတွက် အလူဇင့်သွပ် (၁၀၀၀) ချပ်ကို သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #otr #tny_feb2020
-
ကျေးရွာနေပြည်သူများအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၆-၂-၂၀၂၀) ရက်နေ့မွန်းလွဲ(၁)နာရီမှ(၃)နာရီအထိ မိုင်းဖြတ်မြို့နယ်၊ ဆွပ်ပလောင်းကျေးရွာတွင် ကျေးရွာသူကျေးရွာသား (၆၀)ဦးတို့အား ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ သဘာဝဘေးဆိုင်ရာအသိပညာများ၊ သဘာဝဘေးကျရောက်လာပါက လိုက်နာဆောက်ရွက်ရမည့် ဆောက်ရန်၊ရှောင်ရန်တို့အား ဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောက်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_feb2020 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျေးရွာများ ရှိ ကျောင်းသား ကျောင်းသူကလေးသူငယ်များအတွက် အသက်ကယ်အင်္ကျီများနှင့် စက်တပ်လှေများ လှူဒါန်းပွဲတက်ရောက်မှုသတင်း
ဖေဖော်ဝါရီ ၁၆ ၊ ကသာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျေးရွာများရှိ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံကာ ACCOR Hotel Myanmar အဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအတွက် အသက်ကယ်အင်္ကျီများ၊ စက်တပ်လှေများ၊ ကျောင်းဝတ်စုံများနှင့် အဝတ်အစားများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားသို့ ယနေ့နံနက်ပိုင်းက တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ဝန်ကြီးဌာနတာဝန်ရှိသူများနှင့် ကသာခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။ ရှေးဦးစွာ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ စိန်နန်းကျေးရွာအုပ်စု၊ စိန်နန်းကျေးရွာ၌ ( ၁၅ – ၂ – ၂၀၂၀ ) ရက်နေ့ ၊( ၁၀ : ၄၅ ) နာရီအချိန်မှ ( ၁၂ : ၀၀ ) နာရီအချိန်ထိ ကျောင်းသား / သူများနှင့် ကျေးရွာသူ / သားများ စုစုပေါင်း (၁၀၀)ဦး … Read more
-
School Cum Shelter တည်ဆောက်မှုအခြေအနေအား ကွင်းဆင်စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ရေဝေကျေးရွာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့်တည်ဆောက်လျှက်ရှိသော ဘန်သိန်း Co. Ltd ၏ School Cum Shelter တည်ဆောက်ခြင်း (၁၀၀%) တည်ဆောက်ပြီးစီးမှုအခြေအနေနှင့်ရွေးကျေးရွာအုပ်စု၊ဂွေးချောင်းကျေးရွာမှ School Cum Shelter တည်ဆောက်ခြင်း (၇၅%) တည်ဆောက်ပြီးစီးမှုအခြေအနေအား မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ လွှတ်ေတာ်ကိုယ်စားလှယ်ရုံးမှတာဝန်ရှိသူများနှင့်အတူ (၁၅-၂-၂၀၂၀) ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_feb 2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၂-၂၀၂၀)ရက်နေ့၌ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ကျွေချိုင်ကျေးရွာအုပ်စု၊ ကျွေချိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ်အပေါ်ထပ် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၀၅၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၀၅၀ဝ/-)ကျပ်အား (၁၅-၂-၂၀၂၀)ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_fir … Read more
-
ထောက်ပံ့သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ လက်နက်ကြီးကျည်ထိမှန်၍ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန် ရောက်ရှိလာသည့် ဒဏ်ရာရလူနာ (၁)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်အား (၁၄-၂-၂၀၂၀)ရက်တွင် ဆေးရုံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_feb 2020
