သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲကျင်းပမှုသတင်း

17_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအား မကွေးမြို့နယ်မှဌာနဆိုင်ရာ (၁၅)ဦး၊ သင်တန်း သား/သူ (၅၀)ဦးဖြင့် မကွေးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး သင်တန်းဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား (၁၇-၂-၂၀၂၀) ရက်နေ့မှ (၂၁-၂-၂၀၂၀) ရက်နေ့ထိ (၅) ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ar

#mgy_feb2020

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events