လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါတွင် မိမိတို့ ပါဝင်ဆောင်ရွက်ရမည့် ကဏ္ဍအလိုက် အချိတ်အဆက်မိမိ ပူးပေါင်ဆောင်ရွက်နိုင်ရန်၊ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများတွင် ရာသီဥတုပြောင်းလဲမှုနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးလုပ်ငန်းများကို ထည့်သွင်းဆောင်ရွက် နိုင်ရန် ပြည်သူလူထုအတွင်း သဘာဝဘေးအန္တရာယ် အသိပညာဗဟုသုတများ၊ သဘာဝဘေး အန္တရာယ်မကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို ဆင့်ပွားအသိပညာပေးနိုင်စေရန် ရည်ရွယ်ပြီး တိုင်းဒေသကြီးအဆင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ ပင်လုံခန်းမ၌ ယနေ့ နံနက်ပိုင်း (၀၈:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းသို့ ဧရာဝတီတိုင်းဒေသကြီးမှ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ သင်တန်းသား/သူ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် သင်တန်းကို (၁၇-၂-၂၀၂၀) ရက်နေ့မှ (၂၁-၂-၂၀၂၀) ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်း ရရှိပါသည်။
#ar
#ayy_feb2020
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)