Author Archives: Department of Disaster Management

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၉-၂-၂၀၂၀)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီမှ (၁၁:၃၀)နာရီအထိ ဇီးဖြူတောင်ကျေးရွာ၊ ဇီးဖြူတောင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သဘာဝဘေးအန္တရယ်ဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးခြင်းနှင့် စပ်လျဉ်း ၍ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းအား ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း(၁၀၀)ဦးဖြင့် ဟောပြောဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ar #mgy_feb2020 Source:             ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) ။

  • ဒဏ်ရာရပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ဝါးခွပ် ချောင်းကျေးရွာမှ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကျည်စထိမှန်ကာ ဒဏ်ရာ ရရှိပြီး စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန်ရောက်ရှိလာသည့် ဒဏ်ရာရလူနာ(၁)ဦး အတွက် ထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်အား (၁၉-၂-၂၀၂၀) ရက်တွင် ဆေးရုံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_feb2020 Source: ရခိုင်ပြည်နယ်ဦးစီးမှူရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအား‌ ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မြောက်ရပ်ကွက်၊ ဘုရားခြောက်ဆူလမ်းတွင် (၁၇.၂.၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၂၁၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀ဝိ/-) ရန်ပုံငွေစုစုပေါင်း(၁၀၂၁၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စုစာတို့အား (၁၈.၂.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၄:၃၀)နာရီအချိန်တွင် မင်းလှမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #mgy_feb2020 Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • နေရပ်ပြန်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးနှင့် ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မံစီဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ မံစီမြို့နယ်လဝကဦးစီးမှူးတို့နှင့်အတူ ခေတ္တတိမ်းရှောင် (IDP) စခန်းများမှ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မုန်းဒိန်းပါကျေးရွာသို့ နေရပ်ပြန် အိမ်ထောင်စု(၇၀)စု၊ ဆန်ရိက္ခာထောက်ပံ့မှု လူ(၁)ဦးလျှင် နို့ဆီဗူး (၆၀) ဗူးနှုန်းဖြင့် (၁)လစာ လူဦးရေ(၄၅၇)ဦးအတွက် ဆန်(၁၄၂)အိတ်၊ (၁၉)ပြည်၊ (၄)ဗူးနှင့်  အိမ်ထောင်စု(၄၃)စု၊ လူဦးရေ(၂၅၀)ဦးတို့အတွက် ဆန်ရိက္ခာထောက်ပံမှု လူ(၁)ဦးလျှင် နို့ဆီဗူး(၆၀)နှုန်းဖြင့် (၁)လစာအတွက် ဆန်(၇၈)အိတ်၊ (၃)ပြည်တို့အားလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ကယ်ဆယ်ရေးပစ္စည်း(၄၃)ပုံး အားလည်းကောင်း၊ ပြောင်းရွှေ့စရိတ် … Read more

  • သဘာဝဘေးဆိုင်ရာအသိပညာပေးဆွေနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၈-၂-၂၀၂၀)ရက်နေ့၊ (၁၅:၅၀) နာရီအချိန်မှ (၁၆:၅၅) နာရီအချိန်ထိ မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွား၊ (RC) စစ်ရှောင်စခန်းနှင့် (KBC) စစ်ရှောင်စခန်းများတွင် ငလျင်ဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မြေပြိုဘေး ဆိုင်ရာ အသိပညာပေးဆွေနွေးဟောပြောပွဲပြုလုပ်ခဲ့ရာ မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာ၊ (RC)စစ် ရှောင်စခန်းနှင့် (KBC)စစ်ရှောင်စခန်း အတွင်းနေထိုင်သူ စုစုပေါင်း (၉၀)ဦးခန့် တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး … Read more

  • မီးဘေးဆိုင်ရာအသိပညာပေးဆွေနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၈-၂-၂၀၂၀)ရက်နေ့၊ (၁၄:၀၀) နာရီအချိန်မှ(၁၅:၀၀)နာရီအချိန်တွင် မံစီမြို့နယ်၊ မုန်းဒိန်ပါကျေးရွာတွင် ငလျင်ဘေး၊ မိုးကြိုးဘေး၊ မီးဘေးဆိုင်ရာအသိပညာပေးဆွေနွေးဟောပြောပွဲပြုလုပ်ခဲ့ရာ မံစီမြို့နယ်၊ မုန်းဒိန်ပါ ကျေးရွာတွင်း နေထိုင်သူ စုစုပေါင်း(၁၁၀) ဦးခန့်တက်ရောက်ခဲ့ပြီး သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_feb2020

  • မီးဘေးသင့်ပြည်သူများအား‌ ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၀)ရက်နေ့၊ တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၆)တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၁)၊ အိမ်ထောင်စု(၁)၊ လူဦးရေ(၇)ဦး မီးဘေးသင့်ခဲ့ရာ လူဦးရေ (၇)ဦးအတွက်ဆန်ရိက္ခာ(၇)ရက်စာ (၁၄၇၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၂၁၄၇၀ဝိ/-)၊ အိမ်ထောင်စု(၁)စုအတွက် (၄၇၃၅၃ိ/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုးအား (၁၈-၂-၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်သို့သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #shn_feb2020 Source:           ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၂၀) ရက်နေ့ (၁၂:၀၀)နာရီအချိန်မှ (၁၃:၃၀)နာရီအချိန်အထိ သာပေါင်းမြို့နယ်၊ ‌‌ခေနန်‌ကျေးရွာအုပ်စု၊ ခေနန်‌ကျေးရွာ၌ ကျေးရွာနေပြည်သူ(၈၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောပွဲပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb 2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • မုန်တိုင်းဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရန် ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) နာရီချိန်တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မုန်တိုင်းဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ရန်အတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ဂွမြို့နယ်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့ဝင်များဖြင့် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့်အတူ ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မည့် ရဟိုင်ကူးတို့ ကျေးရွာသို့ ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကိုစီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #rke_feb2020

Sign Up

Upcoming Events