လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၀)ရက်နေ့၊ တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၆)တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၁)၊ အိမ်ထောင်စု(၁)၊ လူဦးရေ(၇)ဦး မီးဘေးသင့်ခဲ့ရာ လူဦးရေ (၇)ဦးအတွက်ဆန်ရိက္ခာ(၇)ရက်စာ (၁၄၇၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၂၁၄၇၀ဝိ/-)၊ အိမ်ထောင်စု(၁)စုအတွက် (၄၇၃၅၃ိ/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုးအား (၁၈-၂-၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်သို့သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#shn_feb2020
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)