လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးနှင့် ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မံစီဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ မံစီမြို့နယ်လဝကဦးစီးမှူးတို့နှင့်အတူ ခေတ္တတိမ်းရှောင် (IDP) စခန်းများမှ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မုန်းဒိန်းပါကျေးရွာသို့ နေရပ်ပြန် အိမ်ထောင်စု(၇၀)စု၊ ဆန်ရိက္ခာထောက်ပံ့မှု လူ(၁)ဦးလျှင် နို့ဆီဗူး (၆၀) ဗူးနှုန်းဖြင့် (၁)လစာ လူဦးရေ(၄၅၇)ဦးအတွက် ဆန်(၁၄၂)အိတ်၊ (၁၉)ပြည်၊ (၄)ဗူးနှင့် အိမ်ထောင်စု(၄၃)စု၊ လူဦးရေ(၂၅၀)ဦးတို့အတွက် ဆန်ရိက္ခာထောက်ပံမှု လူ(၁)ဦးလျှင် နို့ဆီဗူး(၆၀)နှုန်းဖြင့် (၁)လစာအတွက် ဆန်(၇၈)အိတ်၊ (၃)ပြည်တို့အားလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ကယ်ဆယ်ရေးပစ္စည်း(၄၃)ပုံး အားလည်းကောင်း၊ ပြောင်းရွှေ့စရိတ် တစ်အိမ်ထောင်လျှင်(၁၀၀၀၀၀/-)ကျပ်နှုန်းဖြင့် အိမ် ထောင်စု(၄၃)စုအတွက် (၄၃၀၀၀၀၀/-)ကျပ်အား (၁၈-၂-၂၀၂၀) ရက်နေ့(၁၃:၃၀) နာရီအချိန်တွင် မုန်းဒိန်ပါကျေးရွာသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#kcn_feb2020
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)