Author Archives: Department of Disaster Management

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၈-၃-၂၀၂၀)ရက်နေ့ (၁၁:၄၅)အချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ ဘုန်းကြီးလမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ပျက်စီးနေအိမ် (၁၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၄၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၉၀)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၈၉၀၀၀/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁၁)အိမ်ထောင်စာ တန်ဖိုးငွေ(၄၁၅၂၈၃/-)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး(၅)အိမ်ထောင်စာ တန်းဖိုးငွေ(၁၇၃၇၆၅/-)ကျပ်တို့အား (၈-၃-၂၀၂၀)ရက်နေ့၊ (၁၈:၃၀)အချိန်တွင် အ.မ.က (သဲကုန်း) ကျောင်း၌ ဘေးသင့်ပြည် သူများထံသို့ထောက်ပံ့ပေးခဲ့ကြောင်း … Read more

  •  Food Security Shelter (၁)လုံးအားလွဲပြောင်းလက်ခံ​ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၄-၃-၂၀၂၀) ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ (၆)ရပ်ကွက်၊ လေးလုံးသိုဝင်း၊ မြေကွက် အမှတ် (၅၂A/N) ၌ရှိသော စားသုံးသူရေးရာစီးဌာနပိုင် မှ Food Security Shelter (၁)လုံးအား လွှဲပြောင်း လက်ခံဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ayy_mar2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၃-၂၀၂၀) ရက်နေ့ (၀၉:၃၀) နာရီအချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ကဇုကိုင်းကျေးရွာသို့ ရောက်ရှိခိုလှုံနေသော တိုက်ပွဲရှောင်အိမ် ထောင်စု (၂၆) စု၊ ကျား(၄၉) ဦး၊ မ(၅၉) ဦး စုစုပေါင်း (၁၀၈) ဦးတို့အတွက် ဆန်ရိက္ခာ(၂) ပတ်စာ (၁၅) အိတ်၊ (၁၈)ပြည် တန်ဖိုးငွေကျပ်( ၄,၅၃၆,၀၀၀/-) အား (၇-၃-၂၀၂၀) ရက်နေ့ နေ့လည် (၁၄:၄၀) … Read more

  • ကမ်းပြိုဘေး ထောက်ပံ့မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာ၌ (၅-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၁၁) လုံး အိမ်ထောင်စု (၁၁) စုမှ လူဦးရေ (၄၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၁၀၀,ဝဝ၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၉၂,၄၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၁၉၂,၄၀ဝ-)ကျပ် အား (၆-၃-၂၀၂၀) ရက်နေ့ (၁၆:၀၀)နာရီ အချိန်တွင်   ဓနုဖြူမြို့နယ်၊ … Read more

  • School cum shelters များ တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီအဖွဲ့မှ တာဝန်ရှိသူ များနှင့်လွှတ်‌တော်ကိုယ်စားလှယ်ရုံးမှတာဝန်ရှိသူတို့နှင့်အတူ (၆-၃-၂၀၂၀) ရက်နေ့၌ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ရန်ပုံငွေဖြင့် ဦးဘန်သိန်းကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက် ရှိသော school cum shelters(၆)လုံးအနက် နောက်ဆုံးတည်ဆောက်ပြီးစီးသည့် လပွတ္တာမြို့နယ်၊‌ ဓနိဆိပ် ကျေးရွာအုပ်စု၊‌ ဓနိဆိပ်ကျေးရွာမှschool cum shelter တည်ဆောက်ခြင်း ၁၀၀% တည်ဆောက်ပြီးစီးမှု အခြေအနေအားသွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ #ayy_mar2020     Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • (Multi – purpose shelter) တည်ဆောက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၂၀) ရက်နေ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ခွင့်ပြုရန်ပုံငွေဖြင့် ဘီးလင်းမြို့နယ် ဆရာစံရပ်ကွက်နှင့် ကန်သာယာရပ်ကွက်တို့တွင် (Multi – purpose shelter) (၁) လုံးစီတည်ဆောက်နေမှုနှင့် ဦးစီးဌာန (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် သထုံခရိုင်ဦးစီးမှူးရုံးဝန်ထမ်းအိမ်ရာ (၃) ခန်းတွဲ (၂) ထပ်တည် ဆောက်နေမှုအား သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ်ဦးစီးမှူးမှ project တာဝန်ရှိသူများအား သတ်မှတ်ကာလ အတွင်းသတ်မှတ် … Read more

  • သောက်သုံးရေ ဖြန့်ဝေလှူဒါန်းခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ (၅.၃.၂၀၂၀)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ လိုပူကျေးရွာအုပ်စု၊ ခေါင်းစောင်းကျေးရွာသို့ သောက်သုံးရေ ဂါလံ(၁၂၀၀)အား လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါပဲ့ဒူကျေးရွာသို့ သောက်သုံးရေ ဂါလံ (၃၂၀၀)အားလည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။   #otr #kyh_mar2020 Source:            ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ ရုံးဆောက်လုပ်ခြင်းဆိုင်ရာလုပ်ငန်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၃-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်၊ မြဝတီ(၂)လမ်း၊ ဦးပိုင်အမှတ်၊ (၉၄၊၉၅)(၆၀’x၁၂၀’) (၀.၁၆)ဧက၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံး ဆောက်လုပ်ရန်ကိစ္စနှင့်စပ်လျဉ်း၍ တင်ဒါအောင်မြင်သည့် မြင့်မိုရ်စံထားကုမ္ပဏီမှ ရုံးဆောက်လုပ်ခြင်းလုပ်ငန်းဆိုင်ရာ ကိစ္စများအား ရှင်းလင်းပွဲအခမ်းအနားကိုကျင်းပခဲ့ရာ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ပေါက်မြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးနှင့် တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များ၊ တင်ဒါအောင်ကုမ္ပဏီမှ … Read more

  • မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိတ္ထီလာမြို့၊ အောင်ဆန်းရပ်ကွက်၊ မြို့သစ်ရပ်တွင်(၅-၃-၂၀၂၀) ရက်နေ့၌ မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ခြေ(၁) လုံးမှအိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ လူ(၃) ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၉၆,၃၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုး၊ တစ်အိမ် ထောင်စာတို့ကို (၆-၃-၂၀၂၀)  ရက်နေ့တွင် မီးဘေးသင့်ပြည်သူများ လက်ဝယ်သို့ အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mdy_mar202 Source:   မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာအုပ်စု၊ သဲကောကြီးကျေးရွာ၌ (၆-၃-၂၀၂၀) ရက်နေ့၊ (၀၁:၅၉)အချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်နေအိမ် (၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂,၇၀၀,၀၀ဝ/-) ကျပ်၊ လူဉီးရေ(၅၃)ဉီးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၁၁,၃၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၁၅)စုစာတို့ကို (၆-၃-၂၀၂၀) ရက်နေ့၊(၁၀:၃၀) နာရီအချိန်တွင် ပြည်သူ့လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_mar2020 Source:           ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events