လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၈-၃-၂၀၂၀)ရက်နေ့ (၁၁:၄၅)အချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ ဘုန်းကြီးလမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ပျက်စီးနေအိမ် (၁၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၄၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၉၀)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၈၉၀၀၀/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁၁)အိမ်ထောင်စာ တန်ဖိုးငွေ(၄၁၅၂၈၃/-)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး(၅)အိမ်ထောင်စာ တန်းဖိုးငွေ(၁၇၃၇၆၅/-)ကျပ်တို့အား (၈-၃-၂၀၂၀)ရက်နေ့၊ (၁၈:၃၀)အချိန်တွင် အ.မ.က (သဲကုန်း) ကျောင်း၌ ဘေးသင့်ပြည် သူများထံသို့ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mon_mar2020
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)