တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ ရုံးဆောက်လုပ်ခြင်းဆိုင်ရာလုပ်ငန်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခြင်း

6_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၃-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်၊ မြဝတီ(၂)လမ်း၊ ဦးပိုင်အမှတ်၊ (၉၄၊၉၅)(၆၀’x၁၂၀’) (၀.၁၆)ဧက၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံး ဆောက်လုပ်ရန်ကိစ္စနှင့်စပ်လျဉ်း၍ တင်ဒါအောင်မြင်သည့် မြင့်မိုရ်စံထားကုမ္ပဏီမှ ရုံးဆောက်လုပ်ခြင်းလုပ်ငန်းဆိုင်ရာ ကိစ္စများအား ရှင်းလင်းပွဲအခမ်းအနားကိုကျင်းပခဲ့ရာ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ပေါက်မြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးနှင့် တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များ၊ တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူများ စုစုပေါင်း (၃၀) ဦးတက်ရောက်ခဲ့ကြပါသည်။ အဆိုပါပွဲ၌ တင်ဒါအောင်သည့် ကုမ္ပဏီမှ ရုံးဆောက်လုပ်ခြင်းလုပ်ငန်းဆိုင်ရာကိစ္စရပ်များရှင်းလင်းခြင်း၊ တက်ရောက်လာသူများမှ ဆွေးနွေးညှိနှိုင်းခြင်းတို့ဆောင်ရွက်ခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် သက်ဆိုင်ရာတင်ဒါအောင် ကုမ္ပဏီမှ တာဝန်ရှိသူများက ရုံးဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#mgy_mar2020

Source:           ပေါက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events