Author Archives: Department of Disaster Management
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် လပွတ္တာမြို့နယ်၊ ရေတွင်းဆိပ်ကျေးရွာအုပ်စု၊ ရေတွင်းဆိပ်ကျေးရွာနှင့် ကန်ကြီးဒေါင့်ကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာတွင် မိုးဦးကျကာလ၌ ဖြစ်ပွားတတ်သော လေပြင်းဘေးကြောင့် ပျက်စီး နိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များအား သင့်တင့်သော ခိုင်ခံ့မှုရရရှိရန် အတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်ရန် ပြင်စလူမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတို့နှင့်ပူးပေါင်း၍ (၁၅-၃-၂၀၂၀) ရက်နေ့တွင် ကွင်းဆင်းစာရင်းကောက်ယူဆောင်ရွက် လျက်ရှိကြောင်း … Read more
-
(၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီမှ (၁၅:၀၀) နာရီအချိန်အထိ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေး လုပ်ငန်းဆောင်ရွက်မည့် နေအိမ်အလုံး (၂၀၀) အနက် ချောက်မြို့နယ်၊ ရွာမအုပ်စု-ရွာမကျေးရွာတွင် ပြင်ဆင်ရန်လိုအပ်သည့် နေအိမ် (၁၇၁) လုံးအား လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #mgy_mar2020
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၆:၀၀)နာရီအချိန်ထိ ကွမ်းဇဲကျေးရွာတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး နေအိမ်များအားဖြည့်ပြုပြင်ခြင်းအား မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာပြည်သူလူထု တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #mgy_mar2020
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံ၍ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး
မတ် ၁၅ ၊ နေပြည်တော် Corona virus disease (COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ တာဝန်ခံညွှန်ကြားရေးမှူးများနှင့်် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေးပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယခုချိန်သည် COVID-19 ကူးစက်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကြေငြာထားပြီး၊ နိုင်ငံတော် သမ္မတရုံးကလည်း ပြည်သူလူထုကို ပန်ကြားချက်ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် … Read more
-
school cum shelter တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ် ဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများနှင့် အတူ (၁၅-၃-၂၀၂၀) ရက်နေ့၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ရန်ပုံငွေဖြင့် PSA ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော လပွတ္တာမြို့နယ်၊ ရေတွင်းဆိပ်ကျေးရွာအုပ်စု၊ ရေတွင်းဆိပ်ကျေးရွာမှ school cum shelter တည်ဆောက်ခြင်း ၂၅% တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_mar2020 source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၃-၂၀၂၀) ရက်နေ့၊ ( ၀၉ : ၀၀ ) နာရီအချိန်မှ ( ၁၆ : ၃၀ ) နာရီအချိန်ထိ ဇီးပြားကျေးရွာအုပ်စု၊ အန်းတားကျေးရွာတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး နေအိမ်များအားဖြည့်ပြုပြင်ခြင်း အား မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာပြည် သူလူထုတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #sgw #mgy_mar2020 source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် မအူပင်မြို့နယ်၊ အလန်းကျေးရွာအုပ်စု၊ အိုင်ကြီးကျေးရွာတွင် မိုးဦးကျကာလ၌ ဖြစ်ပွား တတ်သော လေပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များအား သင့်တင့်သော ခိုင်ခံ့မှုရရရှိရန် အတွက်လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်ရန် မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတို့နှင့်ပူးပေါင်း၍ (၁၄-၃-၂၀၂၀) ရက်နေ့တွင် ကွင်းဆင်းစာရင်းကောက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ #sgw #ayy_mar2020 … Read more
-
အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၃-၂၀၂၀) ရက်နေ့၊ နေ့လယ်( ၁၂ : ၀၀ ) အချိန်တွင် ပင်လည်ဘူးမြို့နယ်၊ တောင်ဒွန်းကျေးရွာအုပ်စု၊ အင်ကုန်းကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ရွာသူရွာသား(၈၀) ဦးတတ်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #sgg_mar2020 source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ လိုခါးလိုကွက်သစ်၌ (၁၁- ၃-၂၀၂၀) ရက်နေ့တွင် လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း နေအိမ် (၁) လုံးပျက်စီးခဲ့ရာ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုး ၊(၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝိ/-) ကျပ် နှင့် ဆန်ရိက္ခာဖိုး (၇) … Read more
