လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း

14 _ Pic _ 02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် မအူပင်မြို့နယ်၊ အလန်းကျေးရွာအုပ်စု၊‌‌ အိုင်ကြီးကျေးရွာတွင် မိုးဦးကျကာလ၌ ဖြစ်ပွား တတ်သော လေပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များအား သင့်တင့်သော ခိုင်ခံ့မှုရရရှိရန် အတွက်လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်ရန် မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတို့နှင့်ပူးပေါင်း၍ (၁၄-၃-၂၀၂၀) ရက်နေ့တွင် ကွင်းဆင်းစာရင်း‌ကောက်လျက်ရှိပါ‌‌ကြောင်း ‌‌ သတင်းရရှိပါသည်။

#sgw

#ayy_mar2020

source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events