Author Archives: Department of Disaster Management

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်၊ လုံဘန်းကျေးရွာ၌ (၁၄-၃-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် လုံး၀ပျက်စီးနေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်တို့ကို (၁၆-၃-၂၀၂၀)ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် လုံဘန်းကျေးရွာအုပ်ချုပ်ရေးမှုးနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #chn_mar2020 Source:           ဖလမ်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ရုံးမြေနေရာ ဆိုင်းဘုတ်စိုက်ထူမှု သတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၃-၂၀၂၀)ရက်နေ့ (၀၉း၃၀)နာရီ အချိန်တွင် ချောက်မြို့နယ်ဦးစီးမှူးရုံးမြေနေရာအားး သွားရောက်၍ ဆိုင်းဘုတ် စိုက်ထူခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #otr #mgy_mar2020 Source:            ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက်အတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကြီးကျေးရွာအုပ်စု၊‌‌ ကျုံတိုင်းကြီးကျေးရွာတွင် မိုးဦးကျကာလ၌ ဖြစ်ပွားတတ်သောလေပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များအား သင့်တင့်သော ခိုင်ခံ့မှုရရရှိရန်အတွက်လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးဆောင်ရွက်ရန် ပန်းတနော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတို့နှင့်ပူးပေါင်း၍ (၁၇-၃-၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းစာရင်း‌ကောက်လျက်ရှိပါ‌‌ကြောင်း ‌‌ သတင်းရရှိပါသည်။   #otr #ayy_mar2020 Source:            မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ အုပ်စု၊ ကြာကန်ကျေးရွာ(ကွက်သစ်ပိုင်း)၊ ဦးဖြူ(တဲတိုက်)၊ ဦးအုန်းသီး(တဲတိုက်)နှင့် ဦးဝဲ(တဲတိုက်)ရှိ အိမ်ခြေ (၁၁၉) လုံး၊ အိမ်ထောင် စု(၁၂၆) စု၊ လူဦးရေ (၆၀၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) အား ( ၁၇- ၃-၂၀၂၀) ရက်နေ့ ( ၁၁ : ၃၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။ #ha_drg #mgy_mar2020 … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ခ)ရပ်ကွက်၊ ပြည်တော်သာလမ်းတွင် (၁၂-၃-၂၀၂၀) ရက်နေ့၌ မီးလောင် မှုဖြစ်ပွားခဲ့ရာ၊ အိမ်ခြေ(၂၅)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး မိသားစု(၂၆)စု မှလူဦးရေ(၁၄၅) ဦးတို့ မီးဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၁၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၁၄၅) ဦး အတွက် ဆန်ရိက္ခာဖိုးထောက့်ပံ့ငွေ (၃,၀၄,၅၀ဝ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ (၂၆) အိမ်ထောင်စုစာတို့အား အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနမှတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ် စားလှယ်များနှင့်အတူ (၁၆-၃-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ … Read more

  • ပုသိမ်ခရိုင်အတွင်း လေပြင်းဘေးကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းအတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းနှင့် ကွင်းဆင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးပြင်းဘေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် (၁၇-၃-၂၀၂၀)ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နေအိမ်များ ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းအတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးဆောင်ရွက်မည့် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာ၊ မရမ်းချောင်းကျေးရွာအုပ်စု၊ ဗြိုက်ကုန်းကျေးရွာ၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ အိမ်ကုန်းကြီး ကျေးရွာနှင့် ဝါးယားချောင်းကျေးရွာအုပ်စု၊ ဝါးယားချောင်းကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ayy_mar2020 Source: ဧရာဝတီတိုင်းဒေသကြီးဉီးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလတွင် ဖြစ်ပွားတတ်သော လေပြင်းဘေးများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများလျော့ပါးစေရန် ရည်ရွယ်၍ ကြို့ပင်ကောက်မြို့နယ်အတွင်း ဆင်းရဲနွမ်းပါးပြီး ကြံ့ခိုင်မှုအားနည်းသောနေအိမ်များအား ပိုမို တောင့်တင်းခိုင်မာလာစေရန်အတွက် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို (၁၆-၃-၂၀၂၀) ရက်နေ့၊ နေ့လည်(၁၃:၀၀) နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၏အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ … Read more

  • မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၃-၂၀၂၀)ရက်နေ့တွင် သာစည်မြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးအတွက် မီးဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀)ကျပ်၊ ဘေးသင့် လူဦးရေ (၅) ဦးအတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ(၁၀,၅၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စုစာတို့ကို သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #mdy_mar2020

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၃-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၆:၀၀)နာရီအချိန်ထိ ကွမ်းဇဲကျေးရွာတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးနေအိမ်များအား ဖြည့်ပြုပြင်ခြင်း အား မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာပြည်သူလူထုတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းပေးပို့ပါသည်။   #mgy_mar2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)  

Sign Up

Upcoming Events