Author Archives: Department of Disaster Management

  • Covid-ကာကွယ်တားဆီးထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေးပန်ကြားချက်များ လှည့်လည် ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရှမ်းပြည်နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၇-၃-၂၀၂၀)ရက်နေ့တွင် တောင်ကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ်များမှရပ်ကွက်၊ ကျေးရွာများသို့လှည့်လည်၍အသက် ရူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID 19 ကာကွယ်တားဆီးထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူသို့ပန်ကြားချက်အသိပညာပေးမှုအားအသံချဲ့စက် ဖြင့်လှည့်လည်ဟောပြောဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဟိုပုံးမြို့ပေါ်ရပ်ကွက်များနှင့်နမ့်ခုတ်ကျေးရွာ တောင်ကြီးမြို့နယ်၊ မဲတဲကျေးရွာနှင့် ပင်ငိုကျေးရွာများတွင်ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #shn_mar2020 Source: ရှမ်းပြည်နယ်ဉီးစီးမှူးရုံး (ဘစမ)

  • Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူအသိပညာပေး ပန်ကြားချက်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးမှူးရုံး တို့ပူးပေါင်း၍ မရမ်းကုန်းမြို့နယ် အမှတ်(၁) (၂) (၄) (၅) ရပ်ကွက်များတွင် မေယ်တော်ယာဉ်ဖြင့်၄င်း၊ အမှတ်(၃) ရပ်ကွက်အတွင်း ဆိုက္ကားဖြင့် အသံချဲ့စက်များ တင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူအသိပညာပေး ပန်ကြားချက်များ၊ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လက်ကမ်းစာစောင်များအား အရာထမ်း၊ အမှုထမ်းများမှ ဖတ်ကြားခြင်း၊ ဖြန့်ဝေခြင်းများပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ #ar #ygn_mar2020     Source: … Read more

  • မီးဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်းရှိသူများသည် ပြည်ထောင်နယ်မြေ၊ နေပြည်‌တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သံပုရားကုန်းကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာ၌ (၂၇-၃-၂၀၂၀) ရက်‌နေ့ (၀၉:၀၀) အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးလူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး‌ ထောက်ပံ့ငွေ (၃၀၀,၀၀ဝ) ဘေးသင့်လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုး‌ ထောက်ပံ့ငွေ (၁၄,၇၀ဝ) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၁၄,၇၀ဝ) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၂) စုစာ တို့အား … Read more

  • မီးဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှတာဝန်းရှိသူများသည် (၂၆-၃-၂၀၂၀) နေ့ ပုလောမြို့နယ်၊ ပလောက်မြို့ အမှတ်(၁) ရပ်ကွက်နေ ဦးဘူဒါး(၆၀)နှစ် အရောင်းအဝယ်၏ တိုက်တစ်ထပ်နေအိမ်တွင် လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ ၎င်းနေအိမ်မှတဆင့် နံဘေးရှိ ဦးနူဒင်၏နေအိမ်သို့ ကူးဆက်လောင်းကျွမ်းခဲ့ပါကြောင်း နှင့် မီးဘေးမှ မီးဘေးသင့်အိမ်ထောင်စုနှစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၂) စုစာ၊ အိမ်ဆောက်ပစ္စည်းဘိုးငွေ (၄၀၀,၀၀၀) ကျပ်၊ အမိုးဖျက်အိမ် (၂) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဘိုးငွေ (၁၀၀,၀၀၀) ကျပ်၊ လူ … Read more

  • COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၂၀) ရက်နေ့၌ လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရေစကြိုမြို့နယ်အတွင်း ယာဉ်အဝင်အထွက်စီးနင်း လိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်များတိုင်းထွာပေးခြင်းနှင့် ပြည်တွင်းပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ Cso အသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_mar2020

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၂၇-၃-၂၀၂၀) ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ မကျွန်းမော်ကျေးရွာ၌ သောက်သုံးရေ ဂါလံ (၂၈၀၀) ကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လောင်းလုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #tny_mar2020

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်သောအသိပညာပေး ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သားများလက်ခံ ပို့ဆောင်ပေးလျက်ရှိသည့် ထိုင်း-မြန်မာ ချစ်ကြည်ရေးနှင့် ကုန်သွယ်ရေးတံတားအမှတ် (၂) တွင် Corona virus Covid -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုအား ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_mar2020

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောမှု သတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၂၀) ရက်နေ့ နေ့လည် (၁၂:၃၀)မှ စတင်ပြီး ကလေးမြို့ပေါ်ရပ်ကွက် (၂၀) သို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သတ်ပြီး ဆောင်ရန်/ ရှောင်ရန် တို့အား ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။ #ar #sgg_mar2020     Source: ကလေးခရိုင်ဉီးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာအုပ်စု၊ ကန့်ဒေါင့်ကျေးရွာ၌ (၂၅-၃-၂၀၂၀) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁) လုံး မီးလောင်ဆုံးရှုံးခဲ့မှုကြာင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာထောက်ပံ့ငေ ွ(၈,၄၀၀) ကျပ်အား (၂၆-၃-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုလဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ထာက်ပံ့ပေးခဲ့ပါကြောင်း သိရှိရပါသည်။ #ha_fir #sgg_mar2020     Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events