Author Archives: Department of Disaster Management
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀)ရက်နေ့ (၁၇:၀၀)အချိန်၌ မိုးညှင်းမြို့နယ်၊ နန့်မားကျေးရွာတွင် လှည့်လည်ပြီး COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုသိရှိစေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_mar2020 Source: မိုးညှင်းခရိုင်ဉီးစီးမှူးရုံး(ဘစမ)
-
Covid_ 19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
(၃၀-၃-၂၀၂၀)ရက်နေ့တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်ရှိ ပြည်သူများအား Covid_19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_mar2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့်ပတ်သက်၍ ကြိုတင်တင်ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
(၃၀-၃ -၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ်၊ သီရိမြိုင်ရပ်ကွက်၊ ကျိုက်မရောမြို့နယ်၊ ခရုံဂူကျေးရွာနှင့်လက်ပန်ကျေးရွာရှိ ပြည်သူများအား COVID-19ရောဂါနှင့်ပတ်သက်၍ ကြိုတင်တင်ကာကွယ်ခြင်းဆိုင်ရာ အသိပညာ ပေးခြင်းအား လက်ကမ်းစာစောင်များပေးဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_mar2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကိုရိုနာဗိုင်းရပ်စ်ရောဂါ(Covid-19) နှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်/ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရက္ခိတလူမှှုကူညီရေးအသင်းတို့နှင့် ပူးပေါင်း၍ (၃၀-၃-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီမှ (၁၁:၃၀)နာရီချိန်အထိ သံတွဲမြို့၊ ဒါွရာဝတီမြို့သစ် ၊ အမှတ်(၇)ရပ်ကွက်နှင့်အမှတ် (၈) ရပ်ကွက်နှင့််အံတော်ကျေးရွာအတွင်း လှည့်လည်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ (Covid-19 )ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြား ချက်များအား ပြည်သူလူထုသို့ အသိပညာ ပေး လှည့်လည်ဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ar #rke_mar2020 Source: … Read more
-
Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုလျော့နည်းစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူသို့ အသိပညာပေးပန်ကြားချက်အား လှည့်လည်ဟောပြောမှုသတင်း
(၃၀-၃-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အလင်းရောင်ပရဟိတလူမှုကူညီရေးအသင်းနှင့်ပူးပေါင်း၍ တာချီ လိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝေလေလန်ကျေးရွာ၊ ပါခုတ်(၁)ကျေးရွာ၊ ပါခုတ် (၂) ကျေးရွာ၊ နမ့်ယွန်းကျေးရွာ၌ Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုလျော့နည်းစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူထံ အသိပညာပေးပန်ကြားခြင်းကို အသံချဲ့စက်ကို အသုံးပြုပြီး ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လှည့်လည်ဟောပြောခဲ့ပြီး လက်ကမ်းစာစောင် များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_mar2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး … Read more
-
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့ တွင် သရက်မြို့နယ်အတွင်းရှိ မြို့မစျေး၊ စျေးရပ်ကွက်၊ တောင်မင်းတည်းရပ်ကွက်နှင့် မြောက်မင်းတည်းရပ်ကွက်တို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #mgy_mar2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် လောက်ကိုင်မြို့ပေါ်ရပ်ကွက်များဖြစ်သော ရပ်ကွက်-၁ လိုင်းခန်း (၃၀) ပေါက်ပေါက် ကျိုင်းရပ်ကွက်၊ ရပ်ကွက်-၁ (ဒကစ) စျေးတန်းရပ်ကွက်တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_mar2020 Source: လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အများပြည်သူအား အသိပညာပေး လှည့်လည်ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက် နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကျိုက်ရွဲကျေးရွာ၊တံခွန်တိုင်နှင့်တော်ကူးကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည် ကားရာနေရာ များတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်အသိပေး ကြေငြာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_mar2020 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေး အများပြည်သူအား အသိပညာပေး လှည့်လည်ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုံဒုံမြို့နယ်၊ ကျုံဖိုက်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာ နေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်အသိပေး ကြေငြာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_mar2020 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၉-၃-၂၀၂၀)ရက်နေ့တွင် ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပြန်လည်ရောက်ရှိလာသော နေရပ်ပြန်များကို covid_19 ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အသိပညာပေးခြင်း၊ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_mar2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
