Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုလျော့နည်းစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူသို့ အသိပညာပေးပန်ကြားချက်အား လှည့်လည်ဟောပြောမှုသတင်း

30_Pic_06(tcl) 30_Pic_07(tcl)
 
(၃၀-၃-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အလင်းရောင်ပရဟိတလူမှုကူညီရေးအသင်းနှင့်ပူးပေါင်း၍ တာချီ လိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝေလေလန်ကျေးရွာ၊ ပါခုတ်(၁)ကျေးရွာ၊ ပါခုတ် (၂) ကျေးရွာ၊ နမ့်ယွန်းကျေးရွာ၌ Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုလျော့နည်းစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူထံ အသိပညာပေးပန်ကြားခြင်းကို အသံချဲ့စက်ကို အသုံးပြုပြီး ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လှည့်လည်ဟောပြောခဲ့ပြီး လက်ကမ်းစာစောင် များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
#ar
#shn_mar2020
 
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events