လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် လောက်ကိုင်မြို့ပေါ်ရပ်ကွက်များဖြစ်သော ရပ်ကွက်-၁ လိုင်းခန်း (၃၀) ပေါက်ပေါက် ကျိုင်းရပ်ကွက်၊ ရပ်ကွက်-၁ (ဒကစ) စျေးတန်းရပ်ကွက်တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#shn_mar2020
Source: လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)