လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀)ရက်နေ့ (၁၇:၀၀)အချိန်၌ မိုးညှင်းမြို့နယ်၊ နန့်မားကျေးရွာတွင် လှည့်လည်ပြီး COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုသိရှိစေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#kcn_mar2020
Source: မိုးညှင်းခရိုင်ဉီးစီးမှူးရုံး(ဘစမ)