Author Archives: Department of Disaster Management

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် နမ့်ခမ်းမြို့နယ်အတွင်းရှိ IDPsစခန်းများဖြစ်သည့် စိန့်သောမတ် Campနှင့် နေဝန်းနီ Campတို့ရှိ အိမ်ထောင်စု (၁၁၉)စုမှ လူဦးရေ (၆၀၂)ဦး တို့ကို COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ Hand Speaker ဖြင့် အသိပညာပေးခြင်း၊ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များနှင့် လက်ဆေးဆပ်ပြာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2020 Source:           မူဆယ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • သောက်သုံးရေလှူဒါန်းခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေရှားပါးနေသည့် သရက်ချောင်းမြို့နယ်၊‌ ဆင်ဖြူပြင်‌ကျေးရွာသို့ (၃၀.၃.၂၀၂၀)ရက်နေ့ (၈:ဝဝ)ချိန်၌ သောက်သုံးရေ(၃၆၀၀)ဂါလံအား မြို့နယ်သဘာဝဘေးကော်မတီနှင့်အတူ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_drg #tny_mar2020 Source:           သရက်ချောင်းမြို့နယ်ဉီးစီးမှူးရုံး(ဘစမ)  

  • COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးဟောပြောမှုသတင်း 

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် မင်းဘူးမြို့နယ်၊ ခြင်ထောင်ကျေးရွာ၊ နိဗ္ဗာန်ကျွန်းကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာနှင့် ထုံးမကြီးကျေးရွာများအတွင်း Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ အသိပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_mar2020   Source: မင်းဘူးခရိုင်ဉီးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးပြောကြားခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃ -၂၀၂၀)ရက်နေ့တွင် လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ မင်းကုန်းကျေးရွာသရက်ကုန်းများသို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် အသံချဲ့စက်ဖြင့် ဟောပြောနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။     #ar #ayy_mar2020 Source:           လပွတ္တာခရိုင်ဉီးစီးမှူးရုံး(ဘစမ)  

  • Covid-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အများပြည်သူများအား အသိပညာပေး လှည့်လည်ဆောင်ရွက်ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီအချိန်မှ (၁ဝ:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ တိုးချဲ့ရပ်ကွက်နှင့်မုရစ်ကြီး ကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား Hand Speakerများဖြင့် လှည့်လည်အသိပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mon_mar2020 Source:           ချောင်းဆုံမြို့နယ်ဉီးစီးမှူးရုံး(ဘစမ)

  • ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၀-၃-၂၀၂၀) ရက်နေ့(၁၅:၀၀)မှ စတင်၍ ဆင်ပေါင်ဝဲမြို့နယ်၊ ဘော်မြင့်ကျေးရွာအုပ်စု ဘော်မြင့်၊ မကြီးပင်ပု၊ ကျွဲခြံ၊ ချီစွတ်ကျေးရွာသို့ သုံးဘီးဆိုင်ကယ်ဖြင့် အသံချဲ့စက်များတင်ဆောင်ကာ COVID -19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးလုပ်ငန်းများအား ပြုလုပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။  

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့၊ (၁၀:၃၀)နာရီအချိန်မှ  (၁၄:၃၀) နာရီအချိန်အထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ် ဂေါ့ကျေးရွာနှင့် ကျုံပါကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ကပ်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_mar2020 Source:           သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးနှိုးဆော်ခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀)ရက်နေ့ နံနက်(၀၈း၀၀) အချိန်မှ (၀၉း၁၅)အချိန်အထိ ကျောက်ဖြူမြို့နယ်၊ ကုလားဘာတောင်ရပ်ကွက်စျေး အတွင်း COVID-19 ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #‌rke_mar2020 Source:           ကျောက်ဖြူခရိုင်ဉီးစီးမှူးရုံး(ဘစမ)

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၃-၂၀၂၀)ရက်နေ့၊ (၀၆:၅၀)နာရီအချိန်တွင် အောင်လံမြို့နယ်၊ စမ်းချောင်းရပ်ကွက်၊ အောင်ဇမ္ဗူ(တောရကျောင်း)၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘုန်းကြီးကျောင်းဆောင်(၁)ဆောင် မှ ဘုန်းတော်ကြီး(၁)ပါးအတွက် သင်္ကန်း(၁)စုံကို (၃၀-၃-၂၀၂၀)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အောင်လံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_mar2020 Source:           သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့၊ (၂၃:၃၀) အချိန်၌ ဘားအံမြို့နယ်အမှတ်(၄)ရပ်ကွက်၊ မြသစ္စာလမ်းတွင် သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း (၂) ထပ်နေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးအိမ်ထောင်စု (၁) စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်း(၂၀၆,၃၀၀/-) ကျပ်အား (၃၀-၃-၂၀၂၀)ရက်နေ့၊ (၁၆:၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: … Read more

Sign Up

Upcoming Events