လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၃-၂၀၂၀)ရက်နေ့၊ (၀၆:၅၀)နာရီအချိန်တွင် အောင်လံမြို့နယ်၊ စမ်းချောင်းရပ်ကွက်၊ အောင်ဇမ္ဗူ(တောရကျောင်း)၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘုန်းကြီးကျောင်းဆောင်(၁)ဆောင် မှ ဘုန်းတော်ကြီး(၁)ပါးအတွက် သင်္ကန်း(၁)စုံကို (၃၀-၃-၂၀၂၀)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အောင်လံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_mar2020
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)