
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့၊ (၂၃:၃၀) အချိန်၌ ဘားအံမြို့နယ်အမှတ်(၄)ရပ်ကွက်၊ မြသစ္စာလမ်းတွင် သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း (၂) ထပ်နေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးအိမ်ထောင်စု (၁) စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်း(၂၀၆,၃၀၀/-) ကျပ်အား (၃၀-၃-၂၀၂၀)ရက်နေ့၊ (၁၆:၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#krn_mar2020