Author Archives: Department of Disaster Management

  • Covid-19 ကူးစက်ရောဂါဆိုင်ရာ သိရှိလိုက်နာရန် အသိပညာပေးဆောင်ရွက်ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀)ရက်နေ့တွင် ကောလင်းမြို့နယ် မြေနီကျေးရွာအုပ်စုရှိမြေနီရွာ၊ ဆည်တိုကျေးရွာအုပ်စုရှိ ဆည်တိုကျေးရွာ၊ အင်းမကျေးရွာနှင့် အရှေ့ကုန်းကျေးရွာ၊ တောင်မော်ကျေးရွာအုပ်စုရှိ ချဉ်ပြစ်ခုံရွာ တောင်မော်ကျေးရွာတို့ Covid -19နှင့်ပတ်သိသည့် သိရှိလိုက်နာဆောင်ရွက်ရန် ‌လှည့်လှည်အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_mar2020 Source:        ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက် လှည့်လည် ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၃၀)နာရီမှ(၁၁:၁၅)နာရီအချိန်ထိလပွတ္တာမြို့နယ်၊ မောင်းဒီးကျေးရွာအုပ်စု၊‌ မောင်းဒီးကျေးရွာ၊ အစု‌လေးကျေးရွာ၊ ကျွန်းက‌လေးကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိ‌ပေးပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_mar2020

  • Covid-19 ကူးစက်ရောဂါဆိုင်ရာ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးနှိုးဆော်ခြင်း

      လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် မတ်လ (၃၀)ရက်နေ့တွင် လားရှိုးမြို့၊ မန်ဆူရှမ်းကျောင်း၌ Covid-19ရောဂါ ကူးစက်ပျံ့ပွားမှုလျော့နည်းစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူထံ အသိပေးပန်ကြားခြင်းကို အသံချဲ့စက်ကိုအသုံးပြု၍ ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လည့်လည် ဆော်သြခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_mar2020 Source:        လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ ခတ်ချို အလယ်ပိုင်းကွက်သစ် IDPs စခန်းရှိ အိမ်ထောင်စု(၈၆) စုအတွက် ဆပ်ပြာ (၈၆) ခဲကိုပေးဝေခဲ့ပြီး ခပ်ချိုရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ ချမ်းမြေ့လူငယ် ဖွံ့ဖြိုးရေးဂေဟာ၊ မြို့မနှစ်ခြင်းစခန်း၊ မိုင်းနားဖွံ့ဖြိုးရေးခြံစခန်းတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_mar2020 Source:           ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးဟောပြောဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၀-၃-၂၀၂၀)ရက်နေ့တွင် (၈း၃၀)အချိန်မှစ၍ (၁၅း၀၀)အချိန်ထိ ဆားလင်းကြီးမြို့နယ်အတွင်းရှိ အေးကုန်းကျေးရွာ၊ ဖောင်းကတာမြောက်ရွာ၊ ဖောင်းကတာလက်ခုပ်ပင်ကျေးရွာ၊ ဖောင်းကတာရွာ၊  ဘင်းကားရွာ၊ ဖောင်းကတာစက်တွင်းကျေးရွာ၊ အုတ်ရှစ်ပြားကျေးရွာ၊ မယ်ဇလီကန်ကျေးရွာ၊ ထန်းပုကျေးရွာ၊ ထန်းဇင်ကျေးရွာ၊ နတ်စက်ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် Covid 19ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား ဆားလင်းကြီးမြို့နယ် လူမှုကူညီရေးကွန်ယက်နှင့်အတူ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါကြောင်းနှင့် ပြည်သူသို့ပန်ကြားချက်များအား ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_mar2020 Source:        ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်ရှိ တပ်ကုန်းနှစ်ခြင်း၊ တပ်ကုန်းဂါလိလဲ၊ တပ်ကုန်းဧမာနွေလ၊ တပ်ကုန်းစံပြနှစ်ခြင်း၊ တစ်ကုန်းရာဒါကောင်းဘီ COC၊ ဒူကထောင်နယ်မြေ(၄)၊ ဒူကထောင်နယ်မြေ(၅)၊ ဒူကထောင်နယ်မြေ(၁၄) IDPs တို့ရှိ အိမ်ထောင်စု (၂၅၁) စု တို့အတွက် ဆပ်ပြာတောင့်(၂၅၁) တောင့်ဖြန့်ဝေခဲ့ပြီး ယင်းစခန်းများနှင့် စခန်းတည်ရှိရာရပ်ကွက်များရှိ လမ်းဆုံ၊ လမ်းဂွများ၌  COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_mar2020 Source:           … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးဟောပြောဆောင်ရွက်ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၃.၂၀၂၀)ရက်နေ့ နံနက် (၀၈:၀၀) အချိန်မှ (၁၂:၀၀) အချိန်အထိ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးနှင့်အတူပူးပေါင်း၍ မြင်ကဝကျေးရွာအုပ်စုရှိ မြင်ကဝကျေးရွာ၊ အောက်ဆိပ်ကျေးရွာ၊ ဆူးလေကုန်းကျေးရွာနှင့် ကျီးပင်ကျေးရွာတို့တွင်လှည့်လည်၍ Covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ar #mgy_mar2020 Source:        ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်း၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၃၀-၃-၂၀၂၀) ရက်နေ့ နေ့လည် (၁၅:၃၀)နာရီအချိန်မှ စတင်ပြီး ဟင်္သာတမြို့နယ်၊ (လယ်တီ၊ ကျုံတုံး၊ ကုလားခတ်၊ လိပ်ချောင်း)အုပ်စုများအတွင်းရှိ ကျေးရွာများသို့လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့အား ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ayy_mar2020 Source:        ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)    

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ မော်လမြိုင်မြို့ရှိ တောင်ဝိုင်းရပ်ကွက်၊ မြိုင်သာယာရပ်ကွက်နှင့် ကျိုက်မရောမြို့နယ်ရှိ ရေတွင်းကုန်းကျေးရွာ၊ ပဲန္နဲကုန်းကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_mar2020 Source:           မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)  

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့၊ (၀၉:၄၀) နာရီအချိန်မှ (၁၈:၃၀) နာရီအချိန်အထိ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်ကျေးရွာ၊ ရှားတောကျေးရွာ၊ ဒဏ္ခိသီရိမြို့နယ်၊ ချိုင်းကျေးရွာ၊ ကျားကူး(ရှေ့) ကျေးရွာ၊ ရန်အောင်မြင်ကျေးရွာ၊ တောင်ကျောင်းစုကျေးရွာ၊ ဝက်စုကျေးရွာ၊ လယ်ဝေးမြို့နယ်၊ မှန်တောကျေးရွာ၊ ဗောဓိကုန်းကျေးရွာ၊ သက်ကယ်ချင်းကျေးရွာ၊ ဇောင်ချမ်းကုန်ကျေးရွာ၊ ဝက္ကမူကျေးရွာများအတွင်း၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_mar2020 Source:           ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)  

Sign Up

Upcoming Events