Author Archives: Department of Disaster Management

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆောင်ရွက်နေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် လူမှုဝန်ထမ်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁-၄-၂၀၂၀) ရက်နေ့ နံနက် (၀၇:၀၀)နာရီအချိန်မှ စတင်ပြီး လေးမျက်နှာမြို့နယ် ညောင်ပင်ဝဲအုပ်စု၊ ကြီးပေါက်ကုန်းအုပ်စု၊ ပန်တောကြီးအုပ်စုတို့အတွင်းရှိ ကျေးရွာများသို့လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် များအား ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • (COVID-19) ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေး အများပြည်သူအား အသိပညာပေး လှည့်လည်​ဆောင်ရွက်နေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀)ရက်နေ့တွင် ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ သဲကုန်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များရှိ ရုံးလမ်း၊ မြကေသီလမ်း၊ ဘုရားကြီးလမ်းနှင့် နေကျော်တန်းလမ်း၊ လမ်းမတော်လမ်း၊ ဆရာအတတ်သင် (၁)လမ်းနှင့် (၂)လမ်းထောင့်၊ အရှေ့မြို့ပတ်လမ်း၊ စာရင်းရုံးလမ်း၊ အား/ကာ ကွက်သစ်(၁)လမ်း၊ အရှေ့ပေါက်တောလမ်း၊ တပ်ရွာလမ်းနှင့် ရွှေဘုန်းရှိန်လမ်းတို့တွင် COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_apr 2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့ တွင် ချောက်မြို့နယ်အတွင်းရှိ မိုလာကျေးရွာနှင့် ဘုန်းဘွဲ့ကျေးရွာများသို့ COVID-19 ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သတ်သည့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။   #ar #mgy_mar2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • (COVID-19) ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေး အများပြည်သူအား အသိပညာပေး လှည့်လည်​ဆောင်ရွက်နေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ (၁-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊‌ မုဒုံမြို့နယ်၊ ဖဲဒိုကျေးရွာ၊ ကလော့သော့ကျေးရွာ၊ ကော့ပီထော်ကျေးရွာ၊ ဒိုမားကျေးရွာ၊ တောင်ပကျေးရွာ၊ ထုံမံကျေးရွာ၊ ကွမ်ကဗွီးကျေးရွာ နှင့်ဆက်သွယ်ကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်အသိပေး ကြေငြာခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_apr 2020 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး … Read more

  • COVID-19နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁-၄-၂၀၂၀) ရက်နေ့တွင် အလင်းရောင်ပရဟိတလူမှုကူညီရေးအသင်းနှင့် ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ဆေခမ်းရပ်ကွက်၊ ဝမ်လုံးကျေးရွာ၊ ယန်းခကျေးရွာစသည့်ကျေးရွာ၊ ရပ်ကွက်တို့၌ Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုလျော့နည်းစေရေးနှင့်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူထံ အသိပေးပန်ကြားခြင်းကို အသံချဲ့စက်အသုံးပြုပြီး ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လည့်လည် ဆော်သြခဲ့ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr 2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁-၄-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ကျုံရစ်ကျေးရွာအုပ်စု၊ ကျုံရစ်ကျေးရွာ၊ ကျောက်တိုင်ကျေးရွာ၊ စာဖြူစု ကျေးရွာများ၌ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး ပန်ကြားချက်များလှည့်လည်ဟောပြောခြင်း လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

  • သံတွဲခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ရက္ခိတလူမှုကူညီရေးအသင်းအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁-၃-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ သံတွဲမြို့နယ်၊ သာယာကွင်းကျေးရွာ၊ ကျားကိုက်ကျေးရွာ၊ မြုံချောင်ရွာသစ်ကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ပဒဲကောအတွင်းလှည့်လည်ပြီးကိုရိုနာဗိုင်းရပ်စ်ရောဂါ/ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြားချက်များအား ပြည်သူလူထုသို့အသိပညာပေးလှည့်လည် ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဝေငှဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။  

  • မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ်တွင် ပြည်တော်ပြန် (၁၂) ဦးတိုး၍ စုစုပေါင်း (၁၄)ဦးကို (၁၄)ရက် စောင့်ကြည့်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခြင်း၊ မိုင်းပျဉ်းမြို့၊ အောက်စျေးတန်းရပ်ကွက်နှင့် ဆီပန်ဆိုင်များတွင် ပြည်သူများအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မိုင်းပျဉ်းမြို့၊ မြို့အဝင်အထွက်များတွင် ခရီးသည်များကိုအပူချိန်တိုင်းတာခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း covid-19 ရေားဂါနှင့် ပတ်သတ်သေား ဆောင်ရန်/ရှောင်ရန်များ အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။  

Sign Up

Upcoming Events