လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁-၄-၂၀၂၀) ရက်နေ့တွင် အလင်းရောင်ပရဟိတလူမှုကူညီရေးအသင်းနှင့် ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ဆေခမ်းရပ်ကွက်၊ ဝမ်လုံးကျေးရွာ၊ ယန်းခကျေးရွာစသည့်ကျေးရွာ၊ ရပ်ကွက်တို့၌ Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုလျော့နည်းစေရေးနှင့်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူထံ အသိပေးပန်ကြားခြင်းကို အသံချဲ့စက်အသုံးပြုပြီး ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လည့်လည် ဆော်သြခဲ့ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)