Author Archives: Department of Disaster Management

  •  Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက် မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး (ညဥ/ကပတ)တို့မှ ဝန်ထမ်းများ၊ လူငယ့်ရေးရာကော်မတီမှ အဖွဲ့ဝင်များနှင့်အတူ (၄-၄-၂၀၂၀) ရက်နေ့တွင် (၀၈:၃၀) နာရီမှ (၁၈:၃၀) နာရီအထိ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်း တောင်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၉)ရွာမှ မိဘပြည်သူများအား Covid-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့်စပ်လျဉ်းပြီး သိရှိလိုက်နာရမည့်အချက်များကို အသိပညာပေးနှိုးဆော် ခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mdy_apr2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ​ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့‌တွင် ကျောက်မြောင်းမြို့၊ ရပ်ကွက်(၁ ၊ ၂ ၊ ၃ ၊ ၄)၊ ရွှေဂွန်၊ မလား၊ မခေါက်၊ ကုလားမ၊ ဆယ်ပင်ကျွန်း၊ ဂွေးပင်ကုန်း၊ ကံကြီးတော၊ အုန်းပေါက်၊ တည်ပင်၊ မအူကျေးရွာတို့တွင် Covid-19 ရောဂါကူးစက် ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက် ရန် များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_apr2020 … Read more

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်များ အသိပညာပေးဟောပြောမှု သတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ‌ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့တွင် မိုးကောင်းမြို့နယ်၊​ ကျွန်းတောကျေးရွာ၊ ရွာမကျေးရွာ၊ ကြာအင်းကျေးရွာ၊ လွဲလောကျေးရွာ၊ လွဲဆွန်းကျေးရွာနှင့် မန်ပင်ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များ အသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။ #ar #kcn_apr2020     Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ (၄-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ကဿမျှင်ထီဆိပ်ကျေးရွာ အုပ်စု အတွင်း၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို Hand Speaker ၊ Loud Speaker များဖြင့် ကျေးရွာများအတွင်းလှည့်လှည်၍ အသိပညာပေး ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ဆောင်ရွက်ခဲ့ပါသည်။ #ar #ayy_apr2020 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      (၃-၄-၂၀၂၀)ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာ လေဘေးကြောင့် ပြိုလဲပျက် စီးအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)စုစာ၊အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀,၀၀၀) ကျပ်နှင့် လူ(၅) ဦးအတွက်ဆန်ဘိုး (၁၀,၅၀၀) တို့အား (၄-၄-၂၀၂၀)နေ့ နံနက်(၁၁: ၄၀) အချိန်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး မှ သွားရောက်ထောက်ပံ့ ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #tny_apr2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • (Covid-19) ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူသို့ အသိပညာပေးလှည့်လည်ဟောပြောခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၄-၄-၂၀၂၀) ရက်နေ့၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကမြောကြီးကျေးရွာ၊ သာယာကုန်းကျေးရွာ၊ မင်းရပ်ကျေးရွာ တို့တွင် လော်စပီကာတို့ဖြင့် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည် ကြေညာခြင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော (Covid-19)ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးပိုစတာများကပ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ #ar #tny_apr2020     Source: … Read more

  • Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ရှောင်ရန်များ အသိပညာပေးဟောပြောမှု သတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့ တွင်ဘိုကလေးမြို့နယ်၊ ငပြေမကျေးရွာအုပ်စု၊ ငပြေမကျေးရွာတွင် (၀၈:၀၀)နာရီ၌လည်း ကောင်း၊ အထက်ဖိုးညိုကျေးရွာတွင်(၁၀:၀၀)နာရီ၌လည်းကောင်း Covid- 19 ကူးစက် ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များနှိုးဆော်ခြင်းကို ကျေးရွာရှိ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ များနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။ #ar #ayy_apr2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း လေပြင်းဘေးကြိုတင်ကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်ရန် အိုးအိမ်များကြံ့ကြံ့ခံနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီးမှ ကျွန်းသာယာကျေးရွာ ဆတ်ကျွန်းကျေးရွာနှင့် ခနောင်ကျေးရွာများရှိ အမှန်တကယ်ဆင်းရဲနွမ်းပါးသည့်နေအိမ်များ၊ အမျိုးသမီးဦးဆောင်သည့်နေအိမ်များ၊ သက်ကြီးရွယ်အိုများနေထိုင်သည့်နေအိမ်များနှင့် မသန် စွမ်းများနေထိုင်သည့်နေအိမ်များ၊ စုစုပေါင်းအိမ်အလုံး (၁၀၀) လိုအပ်သည်များ ပြင်ဆင်ရန် အတွက် အိမ်တစ်လုံးလျှင် (၂၅,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းအိမ် အလုံး(၁၀၀) အတွက် (၂,၅၀၀,၀၀၀) ကျပ်ကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖ … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုနှင့် လက်ကမ်းစာစောင် များ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့တွင် ကျောက်မဲမြို့ရှိ အမှတ်(၃)ရပ်ကွက်၊ ထုံးဖို၊ ခိုတင့်နှင့် ကုန်းမုံကျေးရွာများတွင် COVID-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ် ပွားစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များကို မြန်မာ၊ ရှမ်း (၂) ဘာသာဖြင့် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_apr2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့၊ နောင်မွန်ကျေးရွာ၊ ကောင်းကော်ကျေးရွာ၊ ဟိုပင်ကြိုင်းကျေးရွာတို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။ #ar #shn_apr2020 Source: ဟိုပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)    

Sign Up

Upcoming Events