ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း လေပြင်းဘေးကြိုတင်ကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်ရန် အိုးအိမ်များကြံ့ကြံ့ခံနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီးမှ ကျွန်းသာယာကျေးရွာ ဆတ်ကျွန်းကျေးရွာနှင့် ခနောင်ကျေးရွာများရှိ အမှန်တကယ်ဆင်းရဲနွမ်းပါးသည့်နေအိမ်များ၊ အမျိုးသမီးဦးဆောင်သည့်နေအိမ်များ၊ သက်ကြီးရွယ်အိုများနေထိုင်သည့်နေအိမ်များနှင့် မသန် စွမ်းများနေထိုင်သည့်နေအိမ်များ၊ စုစုပေါင်းအိမ်အလုံး (၁၀၀) လိုအပ်သည်များ ပြင်ဆင်ရန် အတွက် အိမ်တစ်လုံးလျှင် (၂၅,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းအိမ် အလုံး(၁၀၀) အတွက် (၂,၅၀၀,၀၀၀) ကျပ်ကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖ များထံသို့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#prep_sgw
#ayy_apr2020
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)