လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၄-၄-၂၀၂၀) ရက်နေ့၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကမြောကြီးကျေးရွာ၊ သာယာကုန်းကျေးရွာ၊ မင်းရပ်ကျေးရွာ တို့တွင် လော်စပီကာတို့ဖြင့် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည် ကြေညာခြင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော (Covid-19)ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးပိုစတာများကပ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
#ar
#tny_apr2020
Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)