Author Archives: Department of Disaster Management
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
(၄-၄-၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအုပ်စု၊ မိုဆိုကျေးရွာ၊ မော်သီဒိုကျေးရွာ၊ ဒေါခရော့ခူကျေးရွာ၊ ဟိုယာကျေးရွာအုပ်စု၊ ဟိုယာကျေးရွာ၊ ထေခိုကျေးရွာနှင့် ရာဧပရားကျေးရွာအုပ်စု၊ ရာဧပရားကျေးရွာရှိ မိဘပြည်သူများအား Covid-19 ကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာရန်အချက်များ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။ #ar #kyh_apr2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြတ်ပါရမီပရဟိတအသင်းတို့ ပူးပေါင်း၍(၅.၄.၂၀၂၀)ရက်နေ့တွင် သရက်မြို့နယ်အတွင်းရှိ မိုးနတ်ကုန်းကျေးရွာ၊ တဇီးကောက်(ရှေ့၊ နောက်)ကျေးရွာနှင့် တလုပ်ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_apr2020
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀) ရက်နေ့ နံနက်(၀၇:၀၀)အချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ ဒဟတ်ကန်ကျေးရွာ၊ ဝက်သိုက်ကျေးရွာ၊ ကန်လှကျေးရွာ၊ နတ်ကန်ကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန တို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mgy_apr2020
-
Covid- 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူး ရုံးမှတာဝန်ရှိသူများ သည် (၅-၄-၂၀၂၀)ရက်နေ့ နံနက် (၀၉:၀၀) အချိန်မှ (၁၃:၀၀) အချိန်အထိ ချောင်းမ ကြီးကျေးရွာအုပ်စုရှိ ချောင်းမ ကြီး(အရှေ့) ကျေးရွာ၊ ချောင်းမကြီး(အနောက်) ကျေးရွာ၊ မယ်ဇလီကွေ့ ကျေးရွာနှင့် တူရွင်းမျော ကျေးရွာတို့တွင် လှည့်လည်၍ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ လူငယ်ရေး ရာကော်မတီ၊ မြင့်မြတ် စေတနာပရဟိတအသင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးနှင့်အတူ ပူး ပေါင်းကာ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် မကွေးမြို့နယ်၊ ဖိုလေးလုံးကျေးရွာအုပ်စု၊ ကျောင်းဆောင်ကျေးရွာတွင် (၅-၄-၂၀၂၀) ရက်နေ့တွင် မီးဘေးဖြစ်ပွားမှုကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၃၀၀)ကျပ်၊ စုစုပေါင်း(၁၀၆၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၁)စုစာတို့အား (၅-၄-၂၀၂၀) ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_fir #mgy_apr2020
-
Covid -19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၅-၄-၂၀၂၀)ရက်နေ့တွင် (၇ :၃၀) အချိန်မှ (၁၅:၃၀)အချိန်ထိ ကနီမြို့နယ်အတွင်းရှိ ရွာသာကျေးရွာ၊ အင်ချောင်ကျေးရွာ၊ ဂွေးပင်ကျေးရွာ၊ အေးသာယာကျေးရွာ၊ ဝက်ချောင်းကလေးကျေးရွာ၊ နတ်ကြီးကျေးရွာ၊ ဝက်ချောင်းကြီးကျေးရွာ၊ နတ်ကောင်းစဉ်ကျေးရွာ၊ ပျဉ်တောကျေးရွာ၊ ချောင်းနားကျေးရွာ၊ နတ်ရဲတောင်ကျေးရွာ၊ ကံကြီးကျေးရွာ၊ ချောင်းဖျားကျေးရွာ၊ စကားမြား (မ)ကျေးရွာ၊ စကားမြား(တ)ကျေးရွာ၊ ဇီးဖြူကျင်းကျေးရွာများအတွင်း လှည့်လည်၍ အသံချဲ့စက်ဖြင့် Covid -19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ကျေးလက်ကျန်းမာရေးဆရာမ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်မှ (၁၀:၃၀) အချိန်အထိ ပေါက်မြို့မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်တံခွန်၊ အောင်ချမ်းသာ၊ အောင်တော်မူ၊ ရွှေပေါက်ပင် ရပ်ကွက်များတွင်လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်\ရှောင်ရန်အချက်များအား အသိပညာပေးခြင်း ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_apr2020
-
COVID-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ (၅-၄-၂၀၂၀)ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွါးလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်းယာဉ် ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_apr2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
(၅-၄-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် တိုင်းဒေသကြီးလူမှု ဝန်ထမ်းဦးစီးဌာနမှူးရုံးတို့ပူးပေါင်း၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီး အရှေ့ရပ်ကွက်၊ ဆိပ်ကြီးအနောက်ရပ် ကွက်၊ ခနောင်တိုအရှေ့ရပ်ကွက်၊ ခနောင်တိုအနောက်ရပ်ကွက်၊ သခင်ဘသောင်းရပ်ကွက်၊ ဦးဘိုထွန်းရပ်ကွက်၊ ပန်းပင်ချောင်းရပ်ကွက်၊ ချောင်းပိုင်းလေးရပ်ကွက်များ တွင်၎င်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (င/ဆ/ဇ/ဈ/ည/ဌ/ဝေဘါဂီ) ရပ်ကွက်များ တွင်၎င်း၊ MyanmarNGONetworkCovid19ActionGroupမှ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ စက်မြေရပ်ကွက်၊ ကမာသွယ်ရပ်ကွက်၊ ကမာကဆစ် ရပ်ကွက်များတွင် အဖွဲ့ဝင်(၁၁)ဦးဖြင့်၎င်း Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ … Read more
-
Covid-19နှင့်ပတ်သက်၍အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၄-၂၀၂၀)ရက်နေ့တွင် သာစည်မြို့နယ်အတွင်းရှိ ဝမ်းသာအုပ်စု၊ ဟံဇားအုပ်စု၊ ကျောက်ဖရားအုပ်စု၊ သဲပုံအုပ်စုရှိ ကျေးရွာ (၁၁)ရွာအတွင်းရှိ ပြည်သူများအား Covid-19နှင့်ပတ်သက်၍ အသိပညာပေးဟောပြော ခဲ့ကြောင်း သိရှိရပါသည်။ #ar #mdy_apr2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
