(၅-၄-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် တိုင်းဒေသကြီးလူမှု ဝန်ထမ်းဦးစီးဌာနမှူးရုံးတို့ပူးပေါင်း၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီး အရှေ့ရပ်ကွက်၊ ဆိပ်ကြီးအနောက်ရပ် ကွက်၊ ခနောင်တိုအရှေ့ရပ်ကွက်၊ ခနောင်တိုအနောက်ရပ်ကွက်၊ သခင်ဘသောင်းရပ်ကွက်၊ ဦးဘိုထွန်းရပ်ကွက်၊ ပန်းပင်ချောင်းရပ်ကွက်၊ ချောင်းပိုင်းလေးရပ်ကွက်များ တွင်၎င်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (င/ဆ/ဇ/ဈ/ည/ဌ/ဝေဘါဂီ) ရပ်ကွက်များ တွင်၎င်း၊ MyanmarNGONetworkCovid19ActionGroupမှ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ စက်မြေရပ်ကွက်၊ ကမာသွယ်ရပ်ကွက်၊ ကမာကဆစ် ရပ်ကွက်များတွင် အဖွဲ့ဝင်(၁၁)ဦးဖြင့်၎င်း Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများ ပြည်သူများ သိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍ အသိပညာပေးပန်ကြားချက်များ၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော လက်ကမ်းစာစောင်များအား အရာထမ်း၊ အမှုထမ်းများမှ ရပ်ကွက်များအတွင်း ကြောငြာခြင်း၊ ဖြန့်ဝေခြင်းစသည့် ပြည်သူအသိပညာပေးလုပ်ငန်း များအား သက်ဆိုင်ရာ ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ နှင့်အတူ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)