လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူး ရုံးမှတာဝန်ရှိသူများ သည် (၅-၄-၂၀၂၀)ရက်နေ့ နံနက် (၀၉:၀၀) အချိန်မှ (၁၃:၀၀) အချိန်အထိ ချောင်းမ ကြီးကျေးရွာအုပ်စုရှိ ချောင်းမ ကြီး(အရှေ့) ကျေးရွာ၊ ချောင်းမကြီး(အနောက်) ကျေးရွာ၊ မယ်ဇလီကွေ့ ကျေးရွာနှင့် တူရွင်းမျော ကျေးရွာတို့တွင် လှည့်လည်၍ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ လူငယ်ရေး ရာကော်မတီ၊ မြင့်မြတ် စေတနာပရဟိတအသင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးနှင့်အတူ ပူး ပေါင်းကာ Covid- 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)