Covid -19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၅-၄-၂၀၂၀)ရက်နေ့တွင် (၇ :၃၀) အချိန်မှ (၁၅:၃၀)အချိန်ထိ ကနီမြို့နယ်အတွင်းရှိ ရွာသာကျေးရွာ၊ အင်ချောင်ကျေးရွာ၊ ဂွေးပင်ကျေးရွာ၊ အေးသာယာကျေးရွာ၊ ဝက်ချောင်းကလေးကျေးရွာ၊ နတ်ကြီးကျေးရွာ၊ ဝက်ချောင်းကြီးကျေးရွာ၊ နတ်ကောင်းစဉ်ကျေးရွာ၊ ပျဉ်တောကျေးရွာ၊ ချောင်းနားကျေးရွာ၊ နတ်ရဲတောင်ကျေးရွာ၊ ကံကြီးကျေးရွာ၊ ချောင်းဖျားကျေးရွာ၊ စကားမြား (မ)ကျေးရွာ၊ စကားမြား(တ)ကျေးရွာ၊ ဇီးဖြူကျင်းကျေးရွာများအတွင်း လှည့်လည်၍ အသံချဲ့စက်ဖြင့် Covid -19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ကျေးလက်ကျန်းမာရေးဆရာမ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများ၊ ကျေးရွာခွဲတာဝန်ခံများနှင့်အတူ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါကြောင်းနှင့် ပြည်သူသို့ပန်ကြားချက်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။
#ar
#sgg_apr2020
Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events