Author Archives: Department of Disaster Management

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အရှေ့ပိုင်း) ရှိ အိမ်ခြေ (၁၁၅) လုံး၊ အိမ်ထောင်စု (၁၂၆) စု၊ လူဦးရေ (၅၇၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၂၇-၁၂-၂၀၂၀) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_dec2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • လက်သန့်ဆေးရည်ဘူးများလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးလူမှုရေးဝန်ကြီးနှင့်အတူ မုံရွာမြို့၊ ဒေါနခြံ ရပ်ကွက်ရှိ Quarantine Center သို့ လက်သန့်ဆေးရည် (၃၀) ဘူးနှင့် မုံရွာမြို့ အဝင်/အထွက်စစ်ဆေးရေးဂိတ်(အလုံ)သို့ လက်သန့်ဆေးရည် (၁၀) ဘူး သွားရောက် လှူဒါန်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #sgg_dec2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • လက်သန့်ဆေးရည်ဘူးများထောက်ပံ့ပေးအပ်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၂-၂၀၂၀) ရက်နေ့၊ (၀၈း၀၀) နာရီအချိန်တွင် အင်းတော်မြို့နယ် COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီသို့ လက်သန့်ဆေးရည်ဘူး (၆၀) ဘူးနှင့် (၁၁း၀၀) နာရီအချိန်တွင် ဗန်းမောက်မြို့နယ် COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီသို့ လက်သန့်ဆေးရည်ဘူး (၆၀) တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #sgg_dec2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၂-၂၀၂၀) ရက်နေ့၊ (၁၁း၃၀) နာရီမှ (၁၃း၀၀) နာရီအချိန်ထိ ဗန်းမောက်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူလူထုအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မီးဘေးလက်ကမ်းစာစောင်နှင့် ငလျင်ဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လက်သန့်ဆေးရည်ဘူးများပေးအပ်လှူဒါန်းမှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၂-၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် မော်လိုက်မြို့အဝင်/ထွက်များ၌ COVID-19 ကူးစက်မြန်ရောဂါ မဖြစ်ပွားစေရန် ဖွင့်လှစ်ထားရှိသော စစ်ဆေးရေးဂိတ်များဖြစ်သည့် မဆကဂိတ်နှင့် ပြောင်ဘုတ်ဂိတ်တို့တွင် တစ်ဂိတ်လျှင် (၁၀) ဘူးနှုန်း ဖြင့် စုစုပေါင်းလက်သန့်ဆေးရည် (၂၀) ဘူး သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #sgg_dec2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးအသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၂-၂၀၂၀) ရက်နေ့၊ (၁၀:၃၀)နာရီအချိန်၌ ဖားကန့်မြို့နယ်၊ ငှက်ပျောတောရပ်ကွက်၊ ဆေးရုံဟောင်းရှေ့တွင် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား အများပြည်သူ များ အလွယ်တကူသိရှိနားလည်ဖတ်ရှုနိုင်ရန်ဗွီနိုင်းပိုစတာများစိုက်ထူဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_dec2020

  • ရေသန့်ဆေးထုပ်များလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၂-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် ကျွန်းလှမြို့နယ်၊ ကျီကုန်းကျေးရွာအုပ်စု၊ ကျီကုန်းကျေးရွာအတွင်း မြေသားကန်အသုံးပြု၍ သောက်သုံးရေသုံးစွဲလျက်ရှိသော မိဘပြည်သူများအတွက် သန့်ရှင်းသောသောက်ရေများသုံးစွဲနိုင်ရန် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ ရေသန့်ဆေးထုပ်(၂၄၀) ထုပ်ပါ (၃)ဖာ စုစုပေါင်းရေသန့်ဆေးထုပ်(၇၂၀)ထုပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး သုံးစွဲမည့်မိဘပြည်သူများအား နည်းစနစ် မှန်ကန်စွာအသုံးပြုသုံးစွဲနိုင်ရေးအတွက် လက်တွေ့စမ်းသပ်သရုပ်ပြမှု‌ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #sgg_dec2020

  • မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့၌ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးရပ်ကွက်၊ မကျည်းတန်းလမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၄၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၉)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၈၉၀၀/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ(၄၁၈၉၀၀/-) ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး(၂) အိမ် ထောင်စာတို့အား (၂၄-၁၂-၂၀၂၀) ရက်နေ့ (၁၆:၄၅) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_fir #bgo_dec2020

  • ငလျင်ဘေးအသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀) ရက်နေ့၌ မိတ္ထီလာမြို့၊ မိတ္ထီလာကန်ဘောင်ဘေးရှိသုံးလမ်းခွဆုံ နေရာတွင် အများပြည်သူအများ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား အလွယ်တကူသိရှိနားလည် ဖတ်ရှုနိုင်ရန်ဗွီနိုင်းပိုစတာမစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_dec2020

  • ရေသန့်ဆေးရည်များလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀) ရက်နေ့တွင် ကနီမြို့နယ်၊ ဘုတ်ကုန်း ကျေးရွာအုပ်စုအတွင်း ချောင်းရေသောက်သုံးလျက်ရှိသော ကျေးရွာ (၄)ရွာတို့၌ သန့်ရှင်းသော သောက်သုံးရေရရှိစေရန်အတွက် ရေသန့်ဆေး (၂၄၀) ထုပ်ပါ (၆)ဖာအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ဘုတ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းနှင့် ကျေးရွာသူ/ကျေးရွာသားများအား နည်းစနစ်တကျ မှန်ကန်စွာဖြင့် ရေသန့်ဆေးများအသုံးပြုနိုင်ရန်အတွက် လက်တွေ့သရုပ်ပြခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_dec2020 Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events