လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၂-၂၀၂၀) ရက်နေ့၊ (၀၈း၀၀) နာရီအချိန်တွင် အင်းတော်မြို့နယ် COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီသို့ လက်သန့်ဆေးရည်ဘူး (၆၀) ဘူးနှင့် (၁၁း၀၀) နာရီအချိန်တွင် ဗန်းမောက်မြို့နယ် COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီသို့ လက်သန့်ဆေးရည်ဘူး (၆၀) တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#sgg_dec2020
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)