Author Archives: Department of Disaster Management
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ လက်သန့်ဆေးရည်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၂၀) ရက်နေ့တွင် စလင်းမြို့ (မြင်တင်ရပ်ကွက်သံဃနာယကအဖွဲ့၊ စလင်းမြို့အဝင်စစ်ဆေးရေး ဂိတ်၊ အထက(၁) စာသင်ကျောင်းနှင့် မိုးလုံလေလုံ Q center ) များသို့ Hand Sanitizer (500 ml) ပါ ဘူးများအား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy _dec2020
-
လေပြင်းဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဗီနိုင်းပိုစတာစိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၂၀) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် ရမည်းသင်းမြို့၊ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ကျောင်းဝင်းအပြင်ဘက်၌(၉ပေx၆ပေ)အရွယ်အစားရှိမြေစိုက်ဆိုင်းဘုတ်အားလေပြင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်အလက်များပါသည့် ဗီနိုင်းပိုစတာကပ်၍ အများပြည်သူများ အလွယ်တကူဖတ်ရှုနိုင်ရန် စိုက်ထူပေးခဲ့ပါပြောင်း သတင်းရရှိပါသည်။ Source: ရမည်းသင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_sgw #mdy_dec2020
-
မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဆိုင်ဘုတ်အား စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉ပေ×၆ပေ)ရှိ မီးဘေးအန္တရာယ်နှင့်ပတ်သတ်၍ အသိပညာပေးဆိုင်းဘုတ်(၁)ခုအား ရေစကြိုမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရှေ့၌ (၃၀-၁၂-၂၀၂၀) ရက်နေ့(၁၀:၀၀)အချိန်တွင် စိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_dec2020
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာ မြို့နယ်၊ သောင်ဘုတ်အုပ်စု၊အလယ်ကျွန်းကျေးရွာတွင် (၂၈-၁၂-၂၀၂၀) ရက်နေ့၌ ဖြစ်ပွား သော ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းခဲ့သော အိမ်ထောင်စု(၂)စုအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေ (၂၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၂၅,၂၀၀ိ/-) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၂၂၅,၂၀၀ိ/-) ကျပ်အား (၃၀-၁၂-၂၀၂၀)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေတာရှည်မြို့နယ်၊ သစ်ပုပ္ပင် ကျေးရွာအုပ်စု၊ မန်ကျည်းကုန်းကျေးရွာတွင် (၂၈-၁၂-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၂)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၄၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ (၁၆) ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၃၃,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၃,၆၀၀) ကျပ်အား (၃၀-၁၂-၂၀၂၀) ရက်နေ့ (၁၀:၃၀) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၂-၂၀၂၀) ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ လွယ်အံ(တင်း)ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ ဝါဆိုဘုန်း တော်ကြီးကျောင်း၊ အ.မ.က (မန်ကောင်းမှု) နှင့် သန္တိသုခ (၈) ကွက်ဓမ္မာရုံသို့ တိမ်းရှောင် ရောက်ရှိလာသည့် တိုက်ပွဲရှောင် အိမ်ထောင်စု (၁၄၈) စု၊ လူဦးရေ (၆၀၅) ဦးတို့အတွက် ဆန်ရိက္ခာ(၇) ရက်စာ တန်ဖိုးငွေ (၁,၂၇၀,၅၀ဝ/-) ကျပ်ရှိ ဆန် (၄၄) အိတ်၊ (၅) ပြည်၊ Mask … Read more
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇- ၉-၂၀၂၀) ရက်နေ့ (၁၉:၃၀) နာရီအချိန်ခန့်တွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ မြို့သစ် ကျေးရွာအုပ်စု၊ မြို့သစ်ကျေးရွာတွင် မိုင်းနင်းမိမှုကြောင့် ဒဏ်ရာရရှိသူ (၃) ဦးအတွက် (၁) ဦး လျှင် (၅၀,၀၀ဝိ/-) ကျပ်နှုန်းဖြင့် ကယ်ဆယ်ရေးထောက်ပံ့ရန်ပုံငွေ (၁၅၀,၀၀ဝ/-) ကျပ်အား (၂၉-၁၂-၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့သွား ရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_dec2020 Source: နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၂-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြိုနယ်၊ ရွှေတမာကျေးရွာ၊ ကုက္ကိုစု ကျေးရွာ၊ ကိုးရှင်းကျွန်းကျေးရွာ၊ ထန်းလေးပင်ကျေးရွာ၊ ဆူးလေကုန်းကျေးရွာ၊ နဂါးတွင်း ကျေးရွာ၊ ပေါက်ပင်ကျေးရွာ၊ ထနောင်းတောတောင်ရွာ၊ထနောင်းတောမြောက်ရွာ၊ လင်းပိုး ကျေးရွာ၊ လင်းပင်ဝကျေးရွာများတွင် covid-19ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် များအား အသိပညာပေးခြင်း၊ Hand Sanitizer 500ml လက်သန့်ဆေးရည်နှင့် မီးဘေး၊ ငလျင်ဘေးပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ စနစ်တကျလက်ဆေးနည်း နံရံကပ် ပိုစတာများကပ်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း … Read more
-
ရေသန့်ဆေးများအား ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၂-၂၀၂၀) ရက်နေ့တွင် ကောလင်းမြို့ Quarantine Center သို့ ရေသန့်ဆေးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေသန့်ဆေးအသုံးပြုပုံများကိုလည်း စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #sgg_dec2020
-
Covid-19 အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၉-၁၂-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီမှစ၍ ခန္တီးမြို့နယ်၊ အောင်သာကျေးရွာနှင့် ဖားမောင်ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါအသိပညာပေးခြင်းအား အသံချဲ့စက်ဖြင့် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ #ar #sgg_dec2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
