Author Archives: Department of Disaster Management

  • Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့တွင် ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် Covid-19ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို တို့ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_ apr 2020

  • လေဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ​ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမောက်မြို့နယ်၊ မိုင်းခတ် ကျေးရွာ၌ (၁၂-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)ဦးတို့အတွက် အိမ်ဆောက်တန်ဖိုးငွေ(၁၀၀၀၀၀/-) ကျပ် ၊လူဦးရေ (၃) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ (၆၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံငွေ(၁၀၆၃၀၀/-) ကျပ် တို့ကို (၂၁-၄-၂၀၂၀)ရက်နေ့ နေ့လည်(၁၁:၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_sgw #kcn_apr2020 Source: ​ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မအူပင်ခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့တွင် ဓနုဖြူမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်၌ Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်အတွက် အများပြည်သူ သိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား လော်စပီကာ၊ ဟန်းစပီကာများဖြင့် လှည့်လည်ဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #ayy_apr2020

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀) ရက်နေ့ (၁၈:၃၀) အချိန်၌ ပန်လုံမြို့တွင် မိုးသီးကြွေကျခြင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၃) လုံး အမိုးလန်ပြိုကျပျက်စီးခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး (၄၅၀၀၀၀/-) ကျပ်ဖြစ်ပြီး၊ အဆိုပါ လေဘေးသင့်အိမ်ထောင်စု (၃) စုစာအတွက်  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ လူဦးရေ (၂၄)ဦးအတွက်ထောက်ပံ့ငွေ (၅၀၄၀၀/-)ကျပ်၊    စုစုပေါင်းထောက်ပံ့ငွေ (၃၅၀၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၃) စုစာအား ပန်လုံမြို့ … Read more

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ​ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀)နာရီ အချိန်မှ (၁၃:၃၀)နာရီ အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက် များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာအုပ်စု၊ ပျံချီကျေးရွာ၊ ကြာအင်းကျေးရွာ၊ ထိန်အင်းကျေးရွာနှင့် ​​အောင်မင်္ဂလာကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_apr2020 Source: ​နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ​ရေစကြို​​မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ​ရက်​​နေ့ တွင် (၀၉:ဝ၀)နာရီမှစတင်၍(၁၂:၀၀)အချိန်ထိ ရေစ​ကြို​မြို့​နယ်၊ ရေယှားကျေးရွာအုပ်စု၊ ရေယှား ကျေးရွာ၊ သစ်ကြီးတောကျေးရွာအုပ်စု၊ သစ်ကြီးတောကျေးရွာ၊ ဝက္ကတောကျေးရွာအုပ်စု၊ ဝက္ကတောကျေးရွာ၊ ပိတ်သင်းကပ်ကျေးရွာနှင့် ​​သစ်ခေါက်ဆိပ်ကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပေးကြေညာဆောင်ရွက်ခြင်းပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ​ရေစကြို​​မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြတ်ပါရမီပရဟိတအသင်း နှင့် ပူးပေါင်း၍ (၂၁-၄-၂၀၂၀) ရက်နေ့တွင် သရက်ခရိုင်၊ သရက်မြို့နယ်၊ ကိုးပင်ကျေးရွာ၊ မုံဇလီကျေးရွာ၊  ရွာသစ်ကျေးရွာ၊ ပျဉ်​ထောင်ကျေးရွာ၊ မြွေပွေးကျေးရွာနှင့် မင်းတည်းကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီမှ (၁၃း၀၀) နာရီအချိန်ထိလပွတ္တာမြို့နယ် ၊ ကန်ဘတ်ကျေးရွာအုပ်စု၊‌ ကန်ဘတ်ကျေးရွာ‌၊ ကန်သာယာကျေးရွာ၊ ပေါက်တူးကျေးရွာနှင့်စက်ကြီးစုကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍ အသိ‌ပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_ apr 2020

  • မီးဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အမှတ် (၄) ရပ်ကွက်၌ (၂၀-၄-၂၀၂၀)ရက်နေ့ ၊ (၀၈:၄၃) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးအတွက် ကယ်ဆယ်ရေးပစွည်း (၁၆) မျိုး၊ (၁) အိမ်ထောင်စာနှင့် လုံးဝပျက်စီး သွပ်မိုး/ထရံကာ နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-) ကျပ် ၊လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၄၂၀ဝိ/-)ကျပ်၊  စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၄၂၀ဝိ/-)ကျပ်ကို (၂၀-၄-၂၀၂၀)ရက်နေ့ ၊ … Read more

Sign Up

Upcoming Events